အားကောင်းသောမုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ

 

နေပြည်တော်   နိုဝင်ဘာ    ၁၆


ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ် အော် အနောက်အလယ်ပိုင်းတွင်        ဖြစ်ပေါ်နေသော   အားကောင်း သော မုန်တိုင်းငယ်သည် မြောက် -  အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ  စစ်တွေ  မြို့၏ အနောက်-အနောက်တောင် ဘက်   ရေမိုင်   ၃၃၅ မိုင်ခန့်၊ မောင်တောမြို့၏   အနောက် - အနောက်တောင်ဘက်ရေမိုင် ၃၂၀  ခန့်၊   အိန္ဒိယနိုင်ငံ    ပါရာဒစ်မြို့ ၏   တောင်  -  အရှေ့တောင်ဘက်   ရေမိုင်  ၁၄၀ ခန့်၊ ဒီဂါမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင်  ၂၁၀ ခန့်နှင့်   ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၂၈၀ ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေသည်။


အားကောင်းသော     မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။


အားကောင်းသော မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
 အဆိုပါ အားကောင်းသော မုန်တိုင်းငယ် သည် ညနေ ၅ နာရီခွဲတွင် မြောက်လတ္တီကျု ၁၈ ဒသမ ၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု  ၈၇ ဒသမ ၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၄   ဟက်တိုပါစကယ်နှင့်   အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင်၄၀ နှုန်းခန့် ဖြစ်သည်။


နောက်(၄၈)နာရီအတွင်းခန့်မှန်းချက် 


အဆိုပါ အားကောင်းသောမုန်တိုင်းငယ် သည်   မြောက် - အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီ အတွင်း    ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ကာ    နိုဝင်ဘာ    ၁၈  ရက်တွင်      ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မောင့်ဂလာမြို့နှင့်   ခီပူပါရာမြို့တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။ 

သတိပေးနှိုးဆော်ချက်  


အားကောင်းသော မုန်တိုင်းငယ်၏ အရှိန် ကြောင့် ယနေ့ညမှ နိုဝင်ဘာ ၁၈ ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့်   စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့်   ရခိုင်ပြည်နယ်တို့တွင်   နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင် သည်ဟု ခန့်မှန်းရသည်။ သို့ဖြစ်ပါ၍ ယနေ့ ညမှ နိုဝင်ဘာ ၁၈ ရက်အတွင်း ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်သည်။ မိုးသက်လေပြင်းများ ကျရောက်စဉ်  ရေပြင်/မြေပြင်လေသည်    တစ်နာရီလျှင် မိုင် ၃၀ မှ  ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့် ရှိနိုင်သည်။


အကြံပြုချက်  


သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်း ငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့်     မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့်  ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်  ပြည်တွင်းလေကြောင်းပျံသန်းရေး နှင့်     ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်း   ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။           


မိုး/ဇလ