အားကောင်းသောလေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ၊ မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်

နေပြည်တော်    ဩဂုတ်   ၃၀
ယနေ့ညနေ   ၅  နာရီခွဲ   တိုင်းထွာချက်များအရ   ဘင်္ဂလား ပင်လယ်အော်  အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း   (အိန္ဒိယ နိုင်ငံ     အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့်    ဩရိဿ တောင်ပိုင်းကမ်းလွန်)တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်   ဆက်လက်တည်ရှိနေသည်။ အဆိုပါ အားကောင်းသော    လေဖိအားနည်းရပ်ဝန်းသည်    အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော  ဩရိဿတောင်ပိုင်းကမ်းခြေအနီးတို့တွင် မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရသည်။                        မိုး/ဇလ