
နေပြည်တော် မေ ၁၁
ယနေ့မြန်မာစံတော်ချိန် ည ၈ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း “မိုခါ”သည် မြန်မာနိုင်ငံ ကိုကိုး ကျွန်းမြို့၏ အနောက်- အနောက် တောင်ဘက် ရေမိုင် ၃၃၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင် ဘက် ရေမိုင်၄၃၅ မိုင်ခန့် စစ်တွေမြို့ ၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၅၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်း၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၆၅ မိုင်ခန့်၊ ပို့ပလဲယား၏ အနောက် ဘက် ရေမိုင် ၂၈၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၅၉၀ မိုင်ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေပါသည်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ လက်ရှိ အခြေ အနေမှာ ဘင်္ဂလားဒေ့ရှ်- မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား နိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါ သည်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် မြောက်လတ္တီကျု (၁၂.၃) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၉) ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား (၉၉၂) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ မှ ၇၀ မိုင် နှုန်းခန့် ဖြစ်ပါသည်။
နောက်(၄) ရက်အတွင်း ခန့်မှန်းချက်
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် နောက် (၁၂) နာရီအတွင်း မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး (၁၂.၅.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အား အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ်သို့ ရောက်ရှိ နိုင်ပါသည်။ ထို့နောက် အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း “မိုခါ” သည် မြောက်- အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်း ကွေ့ကာ (၁၄.၅.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား မြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ အရှိန်ကြောင့် ယနေ့ညမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသ ကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
သို့ဖြစ်ပါ၍ ယနေ့ညမှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်း ပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၈၀ မှ မိုင် ၁၀၀ ခန့်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၃)ပေမှ (၁၆) ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ အရှိန်ကြောင့် (၁၂.၅.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၁၃.၅.၂၀၂၃)ရက်နေ့မှ (၁၅.၅.၂၀၂၃) ရက်နေ့အတွင်း ရခိုင် ပြည်နယ်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၀၀)မိုင်မှ (၁၀၅)မိုင်ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက် ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည် နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ မိုင် (၆၀)ခန့်အထိတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေ ခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄)ပေခန့်အထိ နှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက် တက်များအတွင်း (၇)ပေမှ (၁၀)ပေ ခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။
အကြံပြုချက်
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အရှိန် ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု များကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။
မိုး/ဇလ