အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ”   အနောက်မြောက်ဘက်သို့ ရွေ့လျား

 

 

နေပြည်တော်    မေ    ၉
ယနေ့  ညနေ  ၅  နာရီခွဲ တိုင်းထွာချက်များ           အရ    ဘင်္ဂလား      ပင်လယ်အော်  အနောက်    အလယ်ပိုင်းနှင့်   ယင်းနှင့်         ဆက်စပ်လျက်ရှိ သော ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင်   ဖြစ်ပေါ် နေသည့်  အားကောင်းသော ဆိုင်ကလုန်း             မုန်တိုင်း “အာစန်နီ”   သည်   အနောက်မြောက်ဘက်သို့     ရွေ့လျားခဲ့ပြီး       ဘင်္ဂလားပင်လယ်အော်  အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ အိန္ဒိယနိုင်ငံ ပို့ပလဲယား၏ အနောက်-အနောက်မြောက်ဘက်  ရေမိုင်  ၄၇၅ မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၁၅  မိုင်ခန့်၊  ပူရီမြို့၏ တောင်ဘက် ရေမိုင် ၃၁၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင်  ၄၇၅ မိုင်ခန့် နှင့် ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက်   ရေမိုင် ၅၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
ကပ္ပလီပင်လယ်ပြင်နှင့်    ဘင်္ဂလားပင်လယ်အော်တို့တွင်   တိမ် ထူထပ်နေသည်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့်    ကရင်ပြည် နယ်တို့တွင်    နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် သည်။  ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။
မြန်မာ့ပင်လယ်ပြင်    အခြေအနေမှာ     မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  ရံဖန်ရံခါ  မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။  မိုးသက်လေပြင်းကျစဉ်   ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ် နိုင်သည်။  လှိုင်းအမြင့်မှာ     မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၂ ပေခန့် ရှိနိုင်သည်။
မနက်ဖြန်အတွက်ခန့်မှန်းချက်မှာ   နေပြည်တော်၊    စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။ 
မိုး/ဇလ