
ပဲခူး ဇန်နဝါရီ ၂၁
အားကစားကဏ္ဍမြှင့်တင် ဆောင် ရွက်ပေးခြင်းဖြင့် နိုင်ငံအတွက် ကျန်းမာသန်စွမ်းပြီး စွမ်းရည် ထက်မြက်သော နိုင်ငံ့သားကောင်း များ ပေါ်ထွက်လာမည်ဖြစ် ကြောင်း တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းက ပြောကြား သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ ဇန်နဝါရီ ၂၀ ရက်က ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင် နိုင်ရေးအလံပေးအပ်ခြင်း အခမ်း အနားတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး နှင့် ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ များတွင် ပဲခူးတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းမှ တံခွန်စိုက် ဆုဖလားများ ရရှိထားပြီး ဆက်လက်၍လည်း တိုင်းဒေသ ကြီး ဂုဏ်ဆောင်နိုင်ရန် တစ်ဦး ချင်း ဆုနှင့် အသင်းလိုက်ဆုဖလား များရရှိအောင် အကောင်းဆုံး ယှဉ်ပြိုင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ နေထိုင် သွားလာကြရန်နှင့် အားကစား ကွင်း၊ အားကစားရုံ၊ အိပ်ဆောင် များ၌ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသင်း ခေါင်းဆောင်၊ နည်းပြနှင့် အုပ်ချုပ် သူများထံ အောင်နိုင်ရေးအလံ ပေးအပ်ပြီး သွားရောက်ယှဉ်ပြိုင် မည့် အားကစားသမားများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးက တိုင်း ဒေသကြီးဂုဏ်ဆောင် ပြေးခုန်ပစ် အားကစားသမားများ ရွေးချယ်မှု၊ စခန်းသွင်းလေ့ကျင့်မှုနှင့် သွား ရောက် ယှဉ်ပြိုင်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များ မှာကြားသည်။
အဆိုပါ တိုင်းဒေသကြီး/ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ ပြေးခုန်ပစ်အားကစားသမား ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်