
ဂျကာတာ အောက်တိုဘာ ၁၈
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုတို့ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ဘောလုံးအားကစား ကွင်းများတွင် လုံခြုံဘေးကင်းရေးတိုးတက် ကောင်းမွန်မှုရှိလာစေရေးအတွက် အတူတကွ လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုလအစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ကွင်းအတွင်း ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှုမှ သေဆုံးသူ ၁၃၀ ကျော် ရှိလာ ပြီးနောက် အဆိုပါသဘောတူညီချက် ထွက်ပေါ် လာခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသား သန်း ၁၅၀ ကျော်သည် ဘောလုံးပရိသတ်များဖြစ်ကြောင်း နှင့် အင်ဒိုနီးရှားနိုင်ငံတွင်း ပြိုင်ပွဲကို ပြုပြင်ပြောင်းလဲ ရန်၊ အသွင်ပြောင်းရန်မှာ ပထမဦးစားပေးလုပ်ရမည် ဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောသည်။
ထို့အပြင် အင်ဒိုနီးရှားနိုင်ငံတွင် ယာယီအားကစား အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ကွင်းတွင်း ဆောင်ရွက်ထားရှိမှုနှင့် ပရိသတ်အပြုအမူကို ကြည့်ရှု စစ်ဆေးရန် ကျွမ်းကျင်သူများကို စေလွှတ်ရန် စီစဉ် နေကြောင်း အင်ဖန်တီနိုကပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် လာမည့်နှစ်တွင် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည်ဖြစ်သည့်အတွက် ဖီဖာ၏စံနှုန်းများကို လိုက်နာရန် အရေးကြီးကြောင်း သမ္မတ ဂျိုကိုဝီဒိုဒို က အလေးပေးပြောကြားသည်။
အင်န်အိတ်ချ်ကေ