အာကာသယာဉ်မှူး လေးဦးပါဝင်သည့် SpaceX Dragon အာကာသယာဉ် အပြည်ပြည်ဆိုင်ရာအာကာသစခန်းသို့ ရောက်ရှိ

 

လော့စ်အိန်ဂျလိစ်   အောက်တိုဘာ    ၇


SpaceX Dragon အာကာသယာဉ်သည် ယာဉ်မှူး လေးဦးကို တင်ဆောင်လျက် အောက်တိုဘာ ၆ ရက် တွင် အပြည်ပြည်ဆိုင်ရာအာကာသစခန်းသို့ ဆိုက်ရောက်ခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ 

 


အဆိုပါ   အာကာသယာဉ်ပေါ်တွင်   နာဆာမှ  အာကာသယာဉ်မှူးများဖြစ်ကြသည့်   နီကိုးမန်းနှင့်  ဂျို့ရှ်ကက်ဆာဒါ ၊ ဂျပန် အာကာသစူးစမ်းလေ့လာရေးအေဂျင်စီမှ အာကာသယာဉ်မှူး ကိုအီချီ ဝါကာတာ နှင့် ရုရှားနိုင်ငံ ရို့စ်ကော့စမို  အာကာသအဖွဲ့အစည်းမှ   အန်နာ ကီကီနာတို့ လိုက်ပါခဲ့ကြပြီး အပြည်ပြည် ဆိုင်ရာအာကာသစခန်း (အိုင်အက်စ်အက်စ် )သို့ဆိုက်ရောက်လာခဲ့သည်။  

 


အာကာသစခန်းရှိ   ဓာတ်ခွဲခန်းတွင်တာဝန်ထမ်းဆောင်စဉ်  ၎င်းတို့သည် သိပ္ပံလေ့လာမှုနှင့် နည်းပညာ ဆိုင်ရာ   သရုပ်ပြသမှုပေါင်း   ၂၀၀  ကျော်ကို  လုပ်ဆောင်သွားမည်ဖြစ်သည်။  လနှင့် အင်္ဂါဂြိုဟ်တို့သို့ လူသားများအလည်အပတ်သွားလာနိုင်ရေးအတွက် လေ့လာမှုများနှင့်  ပြင်ဆင်မှုများကို လုပ်ဆောင်သွား မည်ဟုလည်း သိရသည်။ 


ဆင်ဟွာ