
ပေကျင်း ဩဂုတ် ၂၃
တရုတ်နိုင်ငံသည် ဩဂုတ် ၂၃ ရက်တွင် နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် စီချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု သစ်တစ်စင်းကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
တရုတ်သိပ္ပံ အကယ်ဒမီမှ တီထွင်လိုက်သည့် Chuangxin-16 ဂြိုဟ်တုကို ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် Kuaizhou-1A သယ်ဆောင်ရေး ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ် သတ်မှတ်ထားသည့် ပတ်လမ်းထဲသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုကို သိပ္ပံနည်းကျစမ်းသပ်မှုများနှင့် နည်းပညာ အသစ်များကို အတည်ပြုခြင်းအတွက် အဓိကအားဖြင့် အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုသည် သယ်ဆောင်ရေးဒုံးပျံ Kuaizhou-1A များ၏ (၁၆) ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ