
ကျူကွမ် ဇန်နဝါရီ ၁၃
တရုတ်နိုင်ငံသည် အာကာသထဲ တွင် ဂြိုဟ်တု သုံးစင်းကိုထားရှိရန် အတွက် ဇန်နဝါရီ ၁၃ ရက်က လောင်းမတ်ချ်-2D ဒုံးပျံဖြင့် သယ်ဆောင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးပျံသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျူကွမ်ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ ပေကျင်းစံတော်ချိန် ညနေ ၃ နာရီတွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး Yaogan-37 ၊ Shiyan-22A နှင့် Shiyan-22B ဂြိုဟ်တု များကို သတ်မှတ်ထားသည့် ပတ်လမ်းအတွင်း ပို့ဆောင်ခဲ့ သည်။
ပတ်ဝန်းကျင် စောင့်ကြည့် ခြင်းကဲ့သို့သော နည်းပညာသစ် များကို ပတ်လမ်းအတွင်း စိစစ် ခြင်းအတွက် အဆိုပါ ဂြိုဟ်တု သုံးစင်းကို အဓိကအသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။
ယင်းမှာ လောင်းမတ်ချ်စီးရီး ဒုံးပျံများ လွှတ်တင်မှု၏ (၄၆၁) ကြိမ်မြောက် မစ်ရှင်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ