အာကာသအတွင်းသို့ မိုးလေဝသဂြိုဟ်တုသစ်တစ်စင်း တရုတ်လွှတ်တင်

 

ကျိုချွမ်း  ဧပြီ  ၁၆


အာကာသထဲတွင်      ထားရှိရန် လောင်းမာ့ချ် - ၄ ဘီ သယ်ဆောင် ရေးဒုံးပျံဖြင့် မိုးလေဝသဂြိုဟ်တု သစ်တစ်စင်းကို  တရုတ်နိုင်ငံက ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် လွှတ် တင်လိုက်ကြောင်း သိရသည်။

 


အဆိုပါ ဒုံးပျံကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း   ကျိုချွမ်း ဂြိုဟ်တုလွှတ်တင်ရေး  စင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၉ နာရီ ၃၆ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ် ပြီး Fengyun-3 07 ဂြိုဟ်တုကို သတ်မှတ်ထားသော   ဂြိုဟ်ပတ် လမ်းအတွင်းသို့ ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း သိရသည်။ 

 


ထိုမိုးလေဝသ  ဂြိုဟ်တုသည် မိုးလေဝသ ကြိုတင်ခန့်မှန်းရေး၊ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေး၊  ရာသီဥတုပြောင်းလဲ မှု      တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဂေဟဗေဒထိန်းသိမ်းရေးစသည့် ကဏ္ဍများတွင် အဓိကထား အသုံး ပြုသွားမည်ဖြစ်သည်။     ယခု အကြိမ် ဂြိုဟ်တုလွှတ်တင်မှုသည်   လောင်းမာ့ချ် သယ်ဆောင်ရေးဒုံးပျံ များ၏ ၄၇၁ ကြိမ်မြောက်  မစ်ရှင် ဖြစ်ကြောင်း ဂြိုဟ်တုလွှတ်တင် ရေးစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။                                      

ဆင်ဟွာ