
တွေ့ဆုံမေးမြန်း - ချိုကြီး
ဓာတ်ပုံ - ရဲထွဋ်
ရန်ကုန် ဇူလိုင် ၁၉
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည် နေ့ အခမ်းအနားတွင် အာဇာနည် မိသားစုဝင်များ၏ အမှတ်တရစကား များကို စုစည်းဖော်ပြလိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏သား
ဦးအောင်ဆန်းဦး
အာဇာနည်တွေက မြန်မာ့လွတ်လပ် ရေးအတွက် ကြိုးပမ်းခဲ့တာဆိုတော့ လွတ်လပ်ရေးရတုန်းက ချမှတ်ထားတဲ့ ယုံကြည်မှုအပေါ် မူတည်ပြီးတော့ ရေးဆွဲထားတဲ့ ညီညွတ်မှု အခြေခံဥပဒေ က အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒီမှာ မြန်မာလူမျိုးဆိုတာ ဗမာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ နိုင်ငံအဆင့်ကတော့ မြန်မာနိုင်ငံဆိုပြီး တော့ ဗမာနိုင်ငံမဟုတ်ဘူး၊ မြန်မာနိုင်ငံ၊ အဲဒီအတိုင်းပဲ စဉ်းစားပြီး လုပ်ကိုင်မှ ယဉ်ကျေးမှုရမှာ။ ဒီနေ့လည်း အာဇာနည် နေ့ ပန်းခွေချပြီးရင် နှစ်မိနစ်၊ သုံးမိနစ် လောက် တိုင်းပြည်နဲ့လူမျိုး နောက် အာဇာနည်အားလုံးကို မေတ္တာပို့အမျှ ပေးဝေမှာပါ။ နိုင်ငံသားတွေအနေနဲ့ အမှန်အတိုင်း စဉ်းစားတတ်ဖို့က အရေး ကြီးတယ်။ ပညာရေးစနစ် စဉ်းစားပုံ စဉ်းစားနည်းစနစ်ကို ပထမဆုံး အမြန် ဆုံး မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားပါမယ်။ အခုက မစဉ်းစားတတ်တဲ့သူတွေကို အချင်းချင်း မညီညွတ်အောင် လုပ်နေတဲ့ အပိုင်းတွေရှိတယ်။ ပြည်သူလူထုက စဉ်းစားပြီး ညီညီညွတ်ညွတ်နေကြဖို့ အရေးကြီးတယ်။
သခင်မြ၏သား ဦးရဲမြင့်အောင်
ဒီနေ့ဒီရက်မှာ သတိရပေးတဲ့ အတွက် ကျေနပ်ပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေက ကိုယ်ကျိုးစွန့်ခဲ့ ကြတယ်။ တိုင်းပြည်ချစ်တယ်။ သူတို့ရဲ့ စိတ်ဓာတ်က လွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတဲ့စိတ်ကလွဲလို့ ဘာမှမရှိ ဘူး။ သူတို့တွေရဲ့ စိတ်ဓာတ်တွေက ချီးကျူးစရာကောင်းပါတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ တိုင်းတစ်ပါးရဲ့ လက်အောက်ခံဘဝကနေ လွတ်လပ်ရေး ရအောင်လုပ်ခဲ့လို့ အာဇာနည်နေ့ဆိုတာ ဖြစ်ခဲ့တာလေ။
ဒီးဒုတ်ဦးဘချို၏မြေး ဦးသန့်ဇင်ချို
အမေရှိကတည်းက မှာသွားတယ်။ သူမရှိလည်း အာဇာနည်နေ့ အခမ်း အနား တက်ရောက်ဖို့၊ မောင်နှမတွေ တစ်ယောက်မအားလည်း တစ်ယောက် တက်ရောက်ဖို့ မှာသွားပါတယ်။ ကျွန်တော်တို့လည်း နှစ်စဉ်မပျက် တက်ရောက်ပြီး ဂါရဝပြုပါတယ်။ အဘိုး အတွက်လည်း ဂုဏ်ယူမိရင်းနဲ့ပေါ့၊ အခုလို (၇၆) နှစ်မြောက်နေ့အထိကို လာပြီးတော့ ကျဆုံးသွားတဲ့ခေါင်းဆောင် ကြီးများကို ဂါရဝပြုရတာ အားလုံး အတွက် ဂုဏ်ယူမိပါတယ်။ နှစ်စဉ် အစဉ် အလာမပျက် အမြဲတမ်းကျင်းပပေးနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။
မန်းဘခိုင်၏မြေး နန့်စိုးစိုးခိုင်
ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူး တော်ကြောင့် ကျန်းမာရေးကောင်းတဲ့ အတွက်ကြောင့် အသက်ရှင်တဲ့အတွက် ကြောင့်လာနိုင်တာပါ။ အခု အာဇာနည် နေ့အခမ်းအနားကို တက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်ယူပါတယ်။ ကျွန်မ အဘိုးက အာဇာနည်ခေါင်းဆောင် ဆိုတာ ရအောင်လုပ်တာ မဟုတ်ဘူး။ သူ့ရဲ့ပင်ကိုစိတ်က တိုင်းပြည်အတွက် အလုပ်လုပ်ရင်းနဲ့ အာဇာနည်ဖြစ်တာ၊ အာဇာနည်ဖြစ်ခဲ့တာ ဂုဏ်ယူပါတယ်။ အဖေက ကိုယ်လုပ်တဲ့ အလုပ်တိုင်းမှာ အဘိုးလို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ လုပ်ဖို့ အမြဲမှာကြားခဲ့ပါတယ်။ ကျွန်မလည်း နိုင်ငံအတွက် ကျရာအခန်းကဏ္ဍက လုပ်ခဲ့ပါတယ်။ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ နိုင်ငံချစ်တဲ့စိတ်နဲ့ပါပဲ။ ကျွန်မအဘိုးက ချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့တယ်။ မိသားစုကလည်း ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ခဲ့ပါတယ်။ အားလုံး ချစ်ခြင်းမေတ္တာနဲ့ အရာရာတည်ဆောက် ရင် အကောင်းဆုံးပါ။
မန်းဘခိုင်၏သမီး ဒေါ်မြင့်မြင့်ခိုင်
ကျွန်မဖခင် မန်းဘခိုင်က ကရင်ဗမာ ချစ်ကြည်ရေးအတွက် အများကြီး လုပ်ဆောင်ခဲ့တဲ့ ကရင် အမျိုးသား ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်ပါ တယ်။ ဖခင် ဆုံးရှုံးရတဲ့အတွက် ကျွန်မ တို့နိုင်ငံအတွက် အများကြီးဆုံးရှုံးခဲ့တယ် လို့ပဲ ခံစားရတယ်။ အာဇာနည် ခေါင်းဆောင်ကြီးရဲ့ မိသားစုဖြစ်တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ငံ့တာဝန် ကိုလည်း ထမ်းဆောင်ခဲ့တာ ၄၂ နှစ် ရှိပါ တယ်။ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစား ယူခဲ့တာပါ။ အခုလည်း လက်ရှိပါဝင်လို့ ရတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင် ဆဲဖြစ်ပါတယ်။ ကျွန်မ ဖခင်လိုမျိုး လူမျိုး ရေးစိတ်ဓာတ်၊ ချစ်ကြည်ရေး စိတ်ဓာတ် တွေ အပြည့်ရှိအောင် ဝိုင်းဝန်းကြိုးစား ရင်းနဲ့ နိုင်ငံတော်အေးချမ်းသာယာ အောင် လုပ်ဆောင်ကြပါလို့ တိုက်တွန်း စကား ပြောကြားလိုပါတယ်။
မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏သား စဝ်ကိုင်ဖ
ဒီလို အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးတာ အများကြီးကျေးဇူးတင် ပါတယ်။ မဖြစ်မနေ တက်ဖြစ်အောင် တက်ခဲ့ပါတယ်။ ဒီနေ့အခြေအနေက ကျန်းမာရေး မကောင်းတဲ့အတွက် ဝှီးချဲနဲ့ လာခဲ့ရတာပါ။
ဦးရာဇတ်၏သား ဦးလှကြည်
အာဇာနည်တွေရဲ့ အကြောင်းကို မျိုးဆက်သစ် လူငယ်တွေအတွက်က ကျောင်းတွေက ဆရာ ဆရာမတွေ ပြောရင် ပိုပြည့်စုံပါတယ်။ ဆရာမတွေ ကိုယ်တိုင်က ခံစားရမယ်။ နားလည်ရ မယ်။ သူတို့ကတစ်ဆင့် ကျောင်းသား ကျောင်းသူတွေကို ပြန်ပြောပေးတာ ပိုကောင်းပါတယ်။ အာဇာနည်ကြီးတွေရဲ့ သားသမီးဖြစ်တဲ့အတွက် ငယ်ငယ်က ကျောင်းသားဘဝက သိပ်မသိဘူး။ အတန်းကြီးလာတော့ ဆရာ ဆရာမတွေ၊ ဝန်ထမ်းအချင်းချင်းက စပြီး လေးလေး စားစား ဆက်ဆံတဲ့အတွက် ပီတိဖြစ်မိ ပါတယ်။ သမ္မတကြီး မန်းဝင်းမောင် လက်ထက်ကျမှ နိုင်ငံတော်ဈာပနဆိုပြီး မိသားစုဖိတ်တယ်။ သူတို့ ကိုယ်တိုင် ဂါရဝပြုပါတယ်။ အလေးပြုတယ်၊ ဝမ်းသာတယ်၊ ကျေးဇူးတင်တာပေါ့။
ဦးအုန်းမောင်၏သား ဒေါက်တာမင်းမြင့်
နှစ်တိုင်းတက်ရောက် ဂါရဝပြုနေ ကျပါ။ နိုင်ငံတော်ကလည်း ကျကျနန နှစ်စဉ် အကုန်လုပ်ပေးတယ်။ ဆရာ့ အမေက မဆုံးခင်ကတည်းက မှာသွား တယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေ ဆရာ့ အဖေအပါအဝင် ရယူပေးသွားတဲ့ လွတ်လပ်ရေးအတွက် ကျေးဇူးတင် ဂုဏ်ပြုတဲ့အနေနဲ့ ဆရာ တို့ ကျန်းမာသရွေ့ အာဇာနည်နေ့ကို တက်ရောက်ဖို့လိုတယ်ဆိုပြီး။ အာဇာ နည်နေ့ဆိုတာ နိုင်ငံတော်က ကျင်းပတဲ့ အခမ်းအနားဖြစ်တဲ့အတွက် ဘယ်သူက ဦးဆောင်ဆောင် ဆရာတို့က ကျန်းမာ ရေးကောင်းရင်တက်ဖို့ အဆင်သင့်ပါ။
ဆရာ့အဖေက တစ်ချိန်က နိုင်ငံခြား က ICS အောင်လာတော့ တိုင်းမင်းကြီး အနေနဲ့ မြစ်ကြီးနားမှာ လုပ်ခဲ့တယ်။ ဗိုလ်ချုပ်က သိတယ်။ အဖေ့ကို ပြန်ခေါ် တယ်၊ အတွင်းဝန်ဆိုပြီး ဗိုလ်ချုပ်က အားကိုးတယ်၊ ပင်လုံညီလာခံကို အခြေခံ ပြီး ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်ကို သွားပြီး ဗြိတိသျှဝန်ကြီးချုပ်ကို ရအောင် ပြောခဲ့တယ်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုပြီး လုပ်ကြံခံရတော့ ဝန်ကြီးချုပ် ဦးနုက ဆက်ပြီး အကောင် အထည်ဖော်တယ်။ အဲဒါကြောင့် နု-အက်တလီစာချုပ် ဖြစ်လာတယ်။ နောက်ဆုံး လွတ်လပ်ရေးရခဲ့တယ်။ အချုပ်ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရုံးရည် နှလုံးရည်ပြောင်မြောက်မှု၊ သတ္တိရှိမှုတို့ကို နောင်လာနောက်သား လူငယ်တွေ အတုခိုးပြီး အဲဒီလိုကြိုးစား ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
ရဲဘော်ကိုထွေး၏တူ
ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) အောင်ကိုကို
(၇၆)နှစ်မြောက် အာဇာနည်နေ့မှာ အဘအနေနဲ့ လွန်ခဲ့တဲ့ ၇၆ နှစ်ကကျဆုံး သွားကြတဲ့ အာဇာနည်ကိုးဦး အပါအဝင် အဲဒီအချိန်က နိုင်ငံ့ခေါင်းဆောင်ကြီးတွေ အမျိုးသားခေါင်းဆောင်ကြီးတွေကို နှမြော တသလွမ်းဆွတ်မိပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီအမျိုးသားခေါင်းဆောင်ကြီး တွေက အဲဒီအချိန်က တာဝန်ကြီးသုံးခုကို ထမ်းဆောင်ခဲ့ကြတယ်။ ပထမတာဝန် က မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ အချုပ် အခြာအာဏာရရှိရေးဆိုတဲ့ တာဝန်၊ ဒုတိယတာဝန်က တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရရှိရေးဆိုတဲ့တာဝန်၊ နောက် တတိယတာဝန်က မြန်မာနိုင်ငံလွတ်လပ် ရေးရရှိပြီးတဲ့အချိန်မှာ ဖွံ့ဖြိုးတိုးတက် စည်ပင်ရေးဆိုတဲ့ တာဝန်တွေ အဲဒီအချိန် က လုပ်လို့တော့ မရသေးဘူး။ ဒါပေမယ့် စီမံကိန်းတွေချပြီးတော့ လုပ်ခဲ့ကြတယ်။ အဲဒီ တာဝန်သုံးခု ထမ်းဆောင်နိုင်တုန်းမှာ မမျှော်လင့်ဘဲ ကျဆုံးသွားကြတယ်။
ဒါပေမယ့် လွတ်လပ်ရေးရရှိပြီး အချိန်မှာလည်း ခေတ်အဆက်ဆက် အစိုးရအသီးသီးက ဒီလုပ်ငန်းတာဝန် သုံးရပ်ကိုဆက်ပြီး ဆောင်ရွက်ခဲ့ကြ တယ်။ ကိုယ့်နည်းကိုယ်ဟန် ကိုယ့် မူဝါဒနဲ့ပေါ့။ ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာက ၇၆ နှစ်ကြာတဲ့အချိန် မှာ တွေ့ကြုံနေရတာက ဒီတာဝန်ကြီး သုံးရပ်၊ အရေးအရာကြီး သုံးရပ်ကို နှောင့်ယှက်ဖျက်ဆီးနေတဲ့သူတွေ ရှိနေ တာ တွေ့ရတဲ့အတွက် ဝမ်းနည်းစရာပါ။ ဗိုလ်ချုပ်ဆိုရင် လူငယ်ပါပဲ၊ ကျဆုံး ချိန်မှာ ၃၂ နှစ်ပဲ၊ ရဲဘော် ကိုထွေး ဆိုလည်း ၁၈ နှစ် မပြည့်သေးဘူး။ သူတို့လူငယ်တွေက နိုင်ငံအတွက် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြ တယ်။ ဗိုလ်ချုပ်ဆိုရင် နိုင်ငံအတွက် လုပ်ခဲ့တာ နည်းတာမဟုတ်ဘူး။ လူငယ်တွေဆိုပေမယ့် ကြိုးစားပမ်းစား လုပ်ခဲ့ကြတယ်။ အခုတာဝန်ကြီး သုံးရပ် ကို ဆန့်ကျင်ဖီလာတဲ့ စိတ်ထားတွေနဲ့ လူငယ်တွေ လုပ်နေကြတယ်။ အဲဒီလို လုပ်တဲ့အတွက် များစွာစိတ်မကောင်း ဖြစ်မိပါတယ်။ လူငယ်ဘဝမှာ နိုင်ငံ ကောင်းဖို့အတွက် ကြိုးစားအားထုတ် နေတဲ့ လူတွေဖြစ်ပါစေ၊ ပြည်ပ ကနေ အိုးမဲသုတ်နေတာကိုသိပြီး နိုင်ငံ တိုးတက်ရေးအတွက် ညီညီ ညွတ်ညွတ်လုပ်ဆောင်ကြပါလို့ ပြောချင် ပါတယ်။
သတင်းစဉ်