အာဂျင်တီးနားနှင့် အင်တာမိုင်ယာမီ တိုက်စစ် ကစားသမား လီယွန်နယ် မက်ဆီသည် အမျိုး သား ဘလွန်းဒီအောဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီသည် ပြီးခဲ့သည့်နှစ်က ကာတာနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ကမ္ဘာ့ ဖလားဆွတ်ခူးရရှိရန် အဓိကကူညီပံ့ပိုးပေး နိုင်ခဲ့သည့်အတွက် အောက်တိုဘာ ၃၀ ရက် က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ပြုလုပ်ခဲ့သည့် ဘလွန်းဒီအောဆုပေးပွဲတွင် အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် စံချိန်တင် ဘလွန်းဒီအော ဆုကို မန်စီးတီး တိုက်စစ်ကစားသမားဟာလန်း ကို   ကျော်ဖြတ်ကာ   ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။   နော်ဝေတိုက်စစ်  ကစားသမား   ဟာလန်းသည် ပရီမီယာလိဂ် ၃၅ ပွဲတွင် ၃၆  ဂိုးအထိ စံချိန်တင် သွင်းယူနိုင်ခဲ့သည့်အပြင်     ပြိုင်ပွဲအရပ်ရပ်တွင်လည်း ၅၂ ဂိုးအထိ သွင်းယူ ကာ မန်စီးတီးအသင်းကို ပရီမီယာလိဂ်ဖလား၊  ချန်ပီယံလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ကို ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူ ဖြစ်သည်။ 
ထို့အပြင် အဆိုပါဆုပေးပွဲ၌ အင်္ဂလန်နှင့် ရီးရဲမက်ဒရစ်     ကွင်းလယ်ကစားသမား ဘဲလင်ဂမ်သည် အသက် ၂၁ နှစ်အောက် ကမ္ဘာ့ အကောင်းဆုံး ကိုပါဆုကို ဆွတ်ခူးနိုင်ခဲ့သည်။  အကောင်းဆုံး  ဂိုးသမားဆု  (Yashin)  ဆုကို  အာဂျင်တီးနားဂိုးသမား     မာတီနက်ဇ်က ဆွတ်ခူးနိုင်ခဲ့သည်။ 
စပိန်နှင့် ဘာစီလိုနာ အမျိုးသမီးကွင်းလယ် ကစားသမား    ဘွန်မာတီက   ချယ်ဆီးနှင့်  ဩစတြေးလျ          တိုက်စစ်ကစားသမား  ဆမ်ကား၊  စပိန်နှင့်  ဘာစီလိုနာ  တိုက်စစ် ကစားသမား ဆောလ်မာတို့ကို ကျော်ဖြတ်ကာ ပထမဆုံးအကြိမ် အမျိုးသမီး ဘလွန်းဒီအော ဆုကို     ဆွတ်ခူးနိုင်ခဲ့သည်။    ၎င်းသည် ဩဂုတ်လ     အတွင်းကလည်း        ယူအီး အက်ဖ်အေ၏   တစ်နှစ်တာ    အကောင်းဆုံး ကစားသမားဆုကို    ဆွတ်ခူးနိုင်ခဲ့သူလည်း  ဖြစ်သည်။ 
အကောင်းဆုံး     ကလပ်အသင်းဆုကို မန်စီးတီးအသင်းက ရရှိခဲ့သည်။    
                               
အောင်ဇော် 
      


