အာဂျင်တီးနားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၇၈၃ ဦးရှိ

ဗျူနိုအေးရိစ်  ဇူလိုင်  ၃၁


အာဂျင်တီးနားနိုင်ငံ၌  လွန်ခဲ့သည့်  တစ်ရက်အတွင်း ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ ၁၃၇၈၃ ဦးရှိခြင်း ကြောင့်   ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူပေါင်း ၄၉၁၉၄၀၈ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၇၄ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူပေါင်း ၁၀၅၅၈၆ ဦးရှိလာကြောင်း အာဂျင်တီးနားကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။


အာဂျင်တီးနား   ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၄၅၅၇၀၃၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉    ရောဂါပိုးတွေ့ရှိဆဲ   လူနာစုစုပေါင်း ၂၅၆၇၈၅ ဦးရှိကြောင်း သိရသည်။


အာဂျင်တီးနားနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၃၁၇၈၄၁၃၉ လုံးအသုံးပြုပြီးဖြစ်ကြောင်း၊ လူဦးရေ ၂၄၉၁၉၀၅၃ ဦးသည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအနည်း ဆုံးတစ်ကြိမ်      ထိုးနှံပြီးသူများဖြစ်ကြောင်းနှင့် ၆၈၆၅၀၈၆  ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံး  ထိုးနှံပြီးသူများဖြစ်ကြောင်း  အာဂျင် တီးနားနိုင်ငံ   ပြည်သူ့ကာကွယ်ဆေးထိုးနှံမှုစောင့် ကြည့်ရေးအဖွဲ့က ပြောကြားသည်။


အာဂျင်တီးနားနိုင်ငံ၌    လက်ရှိတွင်    နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်သည် မြင့်တက်လျက်ရှိခြင်းကြောင့် လူမှုဘဝခပ်ခွာခွာနေထိုင်ရေးစည်းမျဉ်းစည်းကမ်းများကို ဩဂုတ် ၆ ရက် အထိ တိုးမြှင့်ချမှတ်ထားကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်