အာဂျင်တီးနား ဒုတိယသမ္မတ သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံခဲ့ရသော်လည်း ကံကောင်းထောက်မစွာလွတ်မြောက်

 

ဗျူနိုအေးရိစ် စက်တင်ဘာ ၂ 


အာဂျင်တီးနား ဒုတိယသမ္မတ ခရစ်စတီးနာဖာနန် ဒက်ဇ် ဒီကာ့ချ်နာသည်  သေနတ်ပစ်ခတ်လုပ်ကြံမှုမှ ပွတ်ကာသီကာလွတ်မြောက်ခဲ့သည်။   သေနတ် သမားသည် ၎င်းကို  အနီးကပ် ပစ်ခတ်လုပ်ကြံရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 
စက်တင်ဘာ ၁ ရက်က ဖာနန်ဒက်ဇ်ဒီကာ့ချ်နာ သည် ဗျူနိုအေးရိစ်ရှိ ၎င်း၏အိမ်အပြင်ဘက်တွင် ထောက်ခံသူများကို   နှုတ်ဆက်နေစဉ်   အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

 


သေနတ်သမားသည်      အနီးသို့တိုးလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ သေနတ်သည်  ကျည် ဖြည့်ထားသော်လည်း       ဂျမ်းဖြစ်သွားခဲ့သည်။ ထို့ကြောင့် မည်သည့်ထိခိုက်မှုမှမရှိဘဲ ကံကောင်း ထောက်မစွာ ဖာနန်ဒက်ဇ် လွတ်မြောက်ခဲ့သည်။ 
ဗီဒီယိုဖိုင်တွင် သေနတ်သမားအမျိုးသားသည် သေနတ်ကိုင်ပြီး   လက်ကိုရှေ့တန်းလိုက်သည်ကို တွေ့ရသည်။ 
တခြားဗီဒီယိုဖိုင်တစ်ခုတွင်    သေနတ်ဖြင့်   မျက်နှာကို   ချိန်လိုက်သောအခါ   ဒုတိယသမ္မတသည် ဆတ်ခနဲ ရှောင်တိမ်းခဲ့ကြောင်းပြခဲ့သည်။ 

 


လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  ဘရာဇီးလူမျိုးဟု ယူဆရသည့် သေနတ်သမားကို  ချက်ချင်းဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ 
ဖာနန်ဒက်ဇ်သည် နိုင်ငံ၏ သမ္မတအဖြစ် ၂၀၁၅ ခုနှစ်အထိ ရှစ်နှစ်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ သည်။   ထိုအချိန်က  အကျင့်ပျက်ခြစားမှုတွင် ပါဝင်ပတ်သက်မှုဖြင့်  တရားစွဲဆိုခံခဲ့ရသည်။

 


သမ္မတ   အယ်လ်ဘာတို   ဖာနန်ဒက်ဇ်က သေနတ်ပစ်ခတ်လုပ်ကြံမှုသည်       နိုင်ငံတော် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန် တွင် အဆိုးဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ကြေညာ ခဲ့သည်။ 


 အင်န်အိတ်ချ်ကေ