
နေပြည်တော် ဖေဖော်ဝါရီ ၂၀
အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာ အားကောင်းလာစေရေး အာဆီယံဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop to Strengthen Capacity of National Mechanism for the Advancement of Women in AMS) ကို ယနေ့နံနက် ၈ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာ ဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ရေးဆွဲရေး ဦးဆောင် ကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ အမျိုးသမီးအဖွဲ့အစည်းဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ AFXB (Myanmar)၊ ACWO (Myanmar) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာဆီယံအမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ ASEAN Gender Mainstreaming Steering Committee နှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်များက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အာဆီယံဒေသတွင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်းသည် ASEAN Committee on Women – ACW Work Plan (2021-2025)တွင်ပါရှိသည့် လုပ်ငန်းစီမံချက်ကို မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သကဲ့သို့ ASEAN Gender Mainstreaming Strategic Framework–AGMSF ပါ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် အထောက်အကူပြု ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံဒေသ တွင်းနိုင်ငံများမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်း လာစေရေး ချမှတ်ထားသည့်မူဝါဒများ၊ လုပ်ငန်း တာဝန်များနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာ ချက်များနှင့် စိန်ခေါ်မှုများကို အတွေ့အကြုံမျှဝေ ဖလှယ်ဆွေးနွေးပေးနိုင်ရန် ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ASEAN Committee on Women (ACW) ဥက္ကဋ္ဌကိုယ်စား မလေးရှားနိုင်ငံ Ministry of Women, Family and Community Development မှ ဒုတိယအတွင်းရေးမှူးချုပ် Mr. Chua Choon Hwa က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ACW ကိုယ်စားလှယ်များက အမျိုးသမီး ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့် ASEAN Gender Mainstreaming Strategic Framework (AGMSF)လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံ အဆင့်ယန္တရားများအနေဖြင့် ကြုံတွေ့ရသောအတွေ့ အကြုံများ၊ ကောင်းမွန်သည့် အလေ့အထများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး တွင် ပါဝင်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ ဖြစ်သော ASEAN Confederation of Women’s Organisations - ACWO (Myanmar)၊ ASEAN Women Entrepreneurs Network (AWEN) နှင့် AFXB (Myanmar) တို့မှ ကိုယ်စားလှယ်များက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ယန္တရား များ ခိုင်မာအားကောင်းစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ခြင်း၏ အရေးပါမှုနှင့် အကျိုးရလဒ်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ ကဏ္ဍစုံ၌ ကျား၊ မရေးရာအား ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံမဏ္ဍိုင် (၃) ရပ်အောက်ရှိ အဓိကတာဝန်ယူ ဆောင်ရွက်နေကြသော နိုင်ငံခြားရေးဝန်ကြီးဌာန (APSC)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန (AEC)နှင့် ကျန်းမာရေးဝန်ကြီးဌာန (ASCC) တို့၏ ကိုယ်စားလှယ်များက ကျား၊ မ တန်းတူညီမျှမှု ပိုမိုတိုးတက်လာစေရေး ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်ကြသူများက အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရား များ ခိုင်မာအားကောင်းလာစေရေး ဆွေးနွေးခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံး ချုပ်အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်