အာဆီယံနိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၁


ဒူဘိုင်းကုန်စည်ပြပွဲ၏    အာဆီယံနိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့်ဆွေးနွေး ပွဲ (High- Level Forum) ကို ဒီဇင်ဘာ ၁၀ ရက်က United Arab Emirates (UAE) နိုင်ငံ   ဒူဘိုင်းမြို့ Dubai Expo 2020 (Business Connect Centre)၌ ကျင်းပသည်။

 


မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်


ဆွေးနွေးပွဲတွင်    စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန          ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မြန်မာနိုင်ငံအနေဖြင့် Blue Ocean Economy သမုဒ္ဒရာရေရှည်တည်တံ့စေရေးဆိုင်ရာ ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များနှင့်    အာဆီယံ၏လုပ်ငန်းစဉ်များတွင် တက်ကြစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံအစိုးရအချင်းချင်းနှင့်  အစိုးရအဖွဲ့အစည်းများနှင့်သာမက ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့်လည်း      လက်တွဲဆောင်ရွက်လျက်ရှိရာ    ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ပါဝင် တက်ရောက်ခြင်းသည် ထင်ရှားသည့်သာဓကတစ်ခု ဖြစ်ပါကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝပြီး နိုင်ငံ၏ ပထဝီအနေအထားအရ ကွဲပြားသော ရာသီဥတုများ ကို ပိုင်ဆိုင်ပါကြောင်း၊ နိုင်ငံမြောက်ပိုင်းတွင် နှင်းဖုံးသောရေခဲတောင်တန်းများတည်ရှိပြီး  ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထိုင်းနိုင်ငံနယ်စပ်အထိ ကမ်းရိုးတန်း အရှည် ကီလိုမီတာ ၃၀၀၀  ခန့်ရှိကြောင်း၊ နိုင်ငံတောင်ဘက် စွန်းတွင်တည်ရှိသော မြိတ်ကျွန်းစုသည် ကျွန်းပေါင်း ၈၀၀   ကျော်ခန့်ရှိပြီး  သန္တာကျောက်တန်းများသည် လည်း    သဘာဝအတိုင်း    တည်ရှိဆဲဖြစ်ကြောင်း၊ ထို့အပြင် သဘာဝသယံဇာတများ ရေရှည်တည်တံ့ စေရန်ရည်ရွယ်၍  တည်ထောင်ထားရှိသည့်   လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်အပါအဝင်     ရွှေ့ပြောင်း ကျက်စားသည့်ငှက်မျိုးများ ရာသီအလိုက် လာရောက် နားခိုရာဒေသများ၊ ပင်လယ် လိပ်မျိုးများ မျိုးမပြုန်း တီးစေရေး   ကာကွယ်ထားသည့်    ကျွန်းများနှင့် အခြားရေနေသယံဇာတ   ထိန်းသိမ်းရေးဇုန်များ လည်း တည်ထောင်ဆောင်ရွက်လျက်ရှိပါကြောင်း။

 


ပူးပေါင်းဆောင်ရွက်သွားလို


ယနေ့အစည်းအဝေးတွင် ပါဝင်တက်ရောက်သူ များအနေဖြင့်  Blue Ocean Economy သမုဒ္ဒရာ ရေရှည်တည်တံ့စေရေးဆိုင်ရာ     လုပ်ငန်းများတွင် အောင်မြင်စွာ ဦးဆောင်ပါဝင် နေကြသူများဖြစ်ကြပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဆွေးနွေးပွဲမှ ရရှိသည့် အတွေ့အကြုံများကို အားလုံးနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊   ယခုဖိုရမ် တွင် နိုင်ငံအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက် နေသည့်   အလေ့အကျင့်ကောင်းများကိုအခြေခံ၍ မြန်မာနိုင်ငံတွင် အလားတူဆွေးနွေးပွဲများကို အိမ်ရှင် နိုင်ငံအဖြစ်ဆောင်ရွက်ရန်  ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ယနေ့ကျင်းပသည့် High Level Forum ကို James Michel Foundation၊ UAE နိုင်ငံအစိုးရနှင့် အာဆီယံအဖွဲ့တို့ပူးပေါင်း၍   Dubai Expo-2020 ဒူဘိုင်းကုန်စည်ပြပွဲ- ၂၀၂၀ ကာလအတွင်း ကျင်းပ ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရေလုပ်ငန်း ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများနှင့် UAE နိုင်ငံဝန်ကြီး၊ အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်၊   James Michel Foundation ဥက္ကဋ္ဌနှင့် အခြားအစိုးရ မဟုတ်သည့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ စီးပွားရေးလုပ်ငန်းရှင်များအား  ဖိတ်ကြားပြီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    

သတင်းစဉ်