အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်တွင် မြန်မာနိုင်ငံမှထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရွန်နစ်အထောက်အထားမှတ်တမ်းအား တရားဝင်အသိအမှတ်ပြုထားပြီး

 

နေပြည်တော်    မေ   ၁၉ 
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၊ စီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက် ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြန့်ဝေသုံးစွဲမှုများကို ဆန်းစစ်ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများ ထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိရာတွင်      အီလက်ထရွန်နစ်  သတင်းအချက်အလက်စနစ်ဖြစ်သည့်  Vaccination  Management  Information System-VMIS  စနစ်ကို ၂၀၂၁  ခုနှစ် ဇူလိုင်လမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှီးနွှယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းကူညီမှုဖြင့်  အသုံးပြုဆောင်ရွက်လျက် ရှိသည်။

ပြည်ပနိုင်ငံများသို့   ခရီးသွား မည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း အထောက်အထား  (COVID-19 Vaccination Electronic Certifi-cate) ထုတ်ပေးခြင်းကို  ၂၀၂၂ခုနှစ် ဧပြီ ၇ ရက်မှစတင်၍ အွန်လိုင်း စနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန ၏    အင်တာနက်   စာမျက်နှာ ဖြစ်သည့်  https://c19vc.moh.gov.mm မှတစ်ဆင့် ဆောင်ရွက် ပေးလျက်ရှိရာ          မြန်မာနိုင်ငံမှ ထုတ်ပေးသော    ကာကွယ်ဆေး ထိုးနှံပြီးကြောင်း       အီလက် ထရွန်နစ်    အထောက်အထား မှတ်တမ်း (COVID-19 Vaccina-tion   Electronic  Certificate) တွင်ပါရှိသည့်   QR  Code   အား မည်သည့်   Mobile    Phone (သို့မဟုတ်)   Tablet    ဖြင့်   မဆို Scan ဖတ်၍ အချက်အလက်များ  ရယူနိုင်သည့်အတွက်      အဆိုပါ ကာကွယ်ဆေးထိုး    မှတ်တမ်းကို  ကိုင်ဆောင်ထားပါက  ကာကွယ် ဆေးထိုးနှံပြီးစီးမှုနှင့်ပတ်သက်၍ အလွယ်တကူ တိုက်ဆိုင်စိစစ်နိုင် သည့်အပြင် မည်သည့်နေ့ရက်များ တွင်    မည်သည့်ကာကွယ်ဆေး  အမျိုးအစား ထိုးနှံထားကြောင်းကို  အတည်ပြုချက် ရယူနိုင်သည်။ 
ထို့ပြင်     အာဆီယံနိုင်ငံများ အချင်းချင်း   ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုနိုင် ရန်အတွက် မြန်မာနိုင်ငံအနေဖြင့်  ဆောင်ရွက်ခဲ့ရာ     ကျန်းမာရေး ဝန်ကြီးဌာန၏       အင်တာနက် စာမျက်နှာဖြစ်သည့်   https://c19vc.moh.gov.mm မှ တစ်ဆင့် ထုတ်ပေးသည့် COVID-19 Vacci-nation Electronic Certificate အား  အာဆီယံနိုင်ငံများ   အချင်း ချင်း  ကာကွယ်ဆေးထိုး မှတ်တမ်း များ အပြန်အလှန် အသိအမှတ် ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal) တွင် တရားဝင်  အသိအမှတ်ပြုနိုင်ရေးနှင့်စပ်လျဉ်း၍   ၂၀၂၂  ခုနှစ်   မေ ၁၄  ရက်နှင့်  ၁၅     ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ     ဘာလီမြို့၌ ကျင်းပသည့်  (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး   (15th     ASEAN HEALTH MINISTERS MEETING) တွင် အတည်ပြုပြီးဖြစ်သည်။ 
သို့ဖြစ်ပါ၍ မေ၁၅ ရက်မှ စတင်ကာ မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ ခရီးသွားမည့်သူများ အတွက်           အထက်ဖော်ပြပါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း  အီလက်ထရွန်နစ်     အထောက် အထားမှတ်တမ်း     (COVID-19 Vaccination Electronic Certifi-cate) အား ASEAN Covid-19 Vaccine   Certificate   Single Verification   Portal    ဖြစ်သော https://asean. healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရ သည်။                    သတင်းစဉ်