
နေပြည်တော် ဩဂုတ် ၁၈
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တွင် Video Conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမှ မြန်မာ နိုင်ငံသို့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးမည့် ကိစ္စနှင့် ပတ်သက်သည့် Pledging Conference သို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်သည်။
ဦးဆောင်ကျင်းပ
ယင်း “Pledging Confer- ence” ကို အာဆီယံအတွင်းရေးမှူး ချုပ် H.E. Dato Lim Jock Hoi က အာဆီယံလူသားချင်းစာနာ ထောက်ထားမှု အကူအညီဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof၊ ကမ္ဘော ဒီးယားဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Prak Sokhonn၊ အင်ဒိုနီးရှား နိုင်ငံ ခြားရေးဝန်ကြီးH.E. Retno Mar- sudi၊ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး H.E. Teodoro L. Locsin Jr. ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး H.E. Vivian Balakrishnan၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး H.E. Bui Thanh Son၊ လာအိုနိုင်ငံ ခြားရေး ဒုတိယဝန်ကြီး H.E. Thongphane Savanphet၊ အာဆီယံနိုင်ငံများမှ ကိုယ်စား လှယ်များနှင့် မိတ်ဖက်အဖွဲ့ အစည်းများ တက်ရောက်ကြ သည်။
အလေးထားမည်ဖြစ်
အစည်းအဝေး၌ အာဆီယံ အတွင်းရေးမှူးချုပ်က အာဆီယံ ခေါင်းဆောင်များ၏ တူညီဆန္ဒ (၅) ချက်၏ စတုတ္ထမြောက် အချက်နှင့်အညီ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြန်မာ နိုင်ငံ၌ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အဆင့်ဆင့်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် အာဆီယံ၏ ပထမအဆင့် လူသား ချင်း စာနာထောက်ထားမှု အကူ အညီများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် အရေးပေါ် လိုအပ်ချက်များအပေါ် အဓိက ထားမည်ဖြစ်ပြီး ဒုတိယအဆင့် သည် ပိုမိုကျယ်ပြန့်သော လူသား ချင်း စာနာထောက်ထားမှု လိုအပ် ချက်များကို အလေးထားမည်ဖြစ် ပါကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ဆက်လက်၍ တက်ရောက် လာကြသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စား လှယ်များ၊ မိတ်ဖက်အဖွဲ့အစည်း များသည် မြန်မာနိုင်ငံသို့ လူသား ချင်း စာနာထောက်ထားမှု အကူ အညီများ ပေးအပ်ရန်အတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပြီး ငွေကြေးနှင့် အထောက်အပံ့ ပစ္စည်းများ လှူဒါန်းရန် ကတိ ကဝတ်ပြုရေးအတွက် ဆန္ဒရှိမှုကို ဖော်ပြခဲ့ကြသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi အား ယခု “Pledging Conference” ကျင်းပပြုလုပ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တက် ရောက်လာကြသူများကို မြန်မာ နိုင်ငံသို့ လှူဒါန်းမှုများနှင့် ကတိ ကဝတ်များအတွက် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ၌ ကူးစက်ရောဂါကို ပိုမိုကောင်း မွန်စွာ ဖြေရှင်းနိုင်ရန်အတွက် ကိုဗစ်- ၁၉ ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို တည်ထောင် ထားရှိပါကြောင်း၊ မြန်မာနိုင်ငံ သည် လက်ရှိအခြေအနေတွင် ပြည်သူများအတွက် အမှန် တကယ် လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် လိုအပ်သည့် ဆောင်ရွက် ချက်များ အားလုံးကို ဦးစား ပေး ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း ဆက်လက်ဖြစ်ပွား နေသော ပြည်တွင်းကူးစက်မှုနှင့် ကူးစက်မှု တိုးမြင့်နေမှုတို့ကို ထိန်းချုပ်ရန်အတွက် ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အထောက်အပံ့ များနှင့် ဆက်စပ်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း။
အထောက်အပံ့များ လိုအပ်
ဇူလိုင်လအတွင်း မိုးကြီးမှုများ ကြောင့် မြန်မာနိုင်ငံ အနိမ့်ပိုင်း ဒေသအချို့၌ ရေကြီးမှု ဖြစ်ခဲ့ပြီး နေရာဒေသအချို့မှ ပြည်သူများ ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ရပါ ကြောင်း၊ သို့ဖြစ်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အထောက် အပံ့များ အရေးကြီးသကဲ့သို့ပင် ထိခိုက် နစ်နာသူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများဖြစ်သည့် အခြေခံ လိုအပ်ချက်များ၊ အရေးပေါ် နားခို ရာတဲ၊ ကောင်းမွန်သော ကျန်းမာ ရေး စောင့်ရှောက်မှုများနှင့် လုံလောက်သော ဆေးဝါး အထောက်အပံ့များ လိုအပ်လျက် ရှိကြောင်း။
ရှင်းလင်းပြောကြား
ယခုအစည်းအဝေးရလဒ်များ သည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် သာမက ရေကြီးမှုတွင် ထိခိုက် နစ်နာသူများအတွက် လိုအပ်ချက် များအတွက်ပါ အကူအညီဖြစ်စေ မည်ဖြစ်ကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ များ ပေးရေးအတွက် အကောင် အထည်ဖော်ဆောင်ခြင်းနှင့် ပို့ ဆောင်ခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင် ထားရှိမှုများနှင့် အသင့်ရှိနေမှု တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
လှူဒါန်းရန် ကတိပြု
အစည်းအဝေး၌ ဘရူနိုင်း နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ် ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဥရောပသမဂ္ဂ နှင့် နယူးဇီလန်နိုင်ငံတို့မှ ငွေကြေး အထောက်အပံ့အားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၀၀၀၀၊ ဩစတြေးလျဒေါ်လာ ၅ သန်းနှင့် ယူရို ၃၇၀၀၀၀ကို လှူဒါန်းရန် ကတိပြုခဲ့သည်။ ထို့ပြင် အင်ဒိုနီး ရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ တရုတ် နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ပစ္စည်း အားဖြင့် ကူညီမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။ ငွေ ကြေးနှင့် ပစ္စည်းအထောက် အပံ့များအားလုံးကို အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာနမှတစ်ဆင့် လှူဒါန်းသွား မည်ဖြစ်သည်။
တက်ရောက်
အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတို့မှ အရာရှိကြီးများလည်း တက် ရောက်ခဲ့ကြသည်။
သတင်းစဉ်