အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီး အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၂၁ 


“ASEAN-A Community of Peace and Shared Future” ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၄၀) မြောက် အာဆီယံခရီးသွား လုပ်ငန်း ဖိုရမ်-၂၀၂၂ နှင့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးအစည်းအဝေး၊ ဆက်စပ် အစည်းအဝေးများနှင့် အခမ်းအနားများကို ကမ္ဘောဒီးယားနိုင်ငံ ပရီဆီဟာနုပြည်နယ်ရှိ ဆိုခါရီဆော့ ကမ်းခြေဟိုတယ်တွင် ဇန်နဝါရီ ၁၇ရက်မှ ၂၀ ရက်အထိ  ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြသည်။    

 

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၈ ရက်‌ နံနက်ပိုင်းတွင် Sokha Resort Hotel ၌ ကမ္ဘောဒီးယားနိုင်ငံ   ခရီးသွား လုပ်ငန်းဝန်ကြီး   Dr.THONG KHON နှင့် ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံသည်။

 


ညှိနှိုင်းဆွေးနွေး


ထိုတွေ့ဆုံပွဲတွင်    ကမ္ဘောဒီးယား နိုင်ငံနှင့် မြန်မာနိုင်ငံအကြား  ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်   Implemen-tation of Action   Plan  on  Tourism Cooperation ၂၀၁၇-၂၀၂၀ အရ ဆီရမ်ရိ-ပုဂံ တိုက်ရိုက် လေယာဉ်ပျံသန်းရေးကိစ္စ များအပါအဝင် Action Plan သက်တမ်း တိုးမြှင့်ရေးကိစ္စ၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းနှင့်      လူထုအခြေပြုခရီးသွား လုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊   မြန်မာနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် Enchanting Myanmar Health & Safety Protocol နှင့် အာဆီယံမှ ရေးဆွဲ အကောင်အထည်ဖော်မည့်    ASEAN Guidelines for Hygiene and Safety ချိတ်ဆက်ကာ နိုင်ငံတကာအဆင့် အသိ အမှတ်ပြုရေးကိစ္စနှင့် ကိုဗစ်-၁၉ အလွန် ကာလ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဈေးကွက်မြှင့်တင်ရေး      ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်- ၂၀၂၂ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံခရီးသွားလုပ်ငန်း   ဝန်ကြီးများ ၏     သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါ အခမ်းအနား တွင်     ပရီဆီဟာနုပြည်နယ်အုပ်ချုပ် ရေးမှူးက      အမှာစကားပြောကြားခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်း  ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် ဧည့်သည်တော်များက    ကမ်းခြေတွင် အမှတ်တရ အရိပ်ရအပင်များကို စိုက်ပျိုး ခဲ့ကြသည်။

 


ညပိုင်းတွင်     ပြည်ထောင်စုဝန်ကြီး သည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်- ၂၀၂၂ ဖွင့်ပွဲအခမ်းအနားနှင့် ကမ္ဘောဒီးယား နိုင်ငံ  ဝန်ကြီးချုပ်၏    ကြိုဆိုညစာစားပွဲ သို့  အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊      ဒုတိယ ဝန်ကြီးများ၊         သံအမတ်ကြီးများနှင့် ဧည့်သည်တော်များနှင့်အတူ တက်ရောက် သည်။  အဆိုပါ  ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်   Sam-dech Akka Moha Sena Padei Techo HUN SEN က အာဆီယံဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်း ရာတွင် အာဆီယံနိုင်ငံသားများ၊ မိတ်ဖက် နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ အကြား  စည်းလုံးညီညွတ်မှုနှင့်      ရင်းနှီး ပွင့်လင်းစွာ    ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်   ကမ္ဘော ဒီးယားနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ အလွန် ကာလ   အာဆီယံဒေသတွင်း    ခရီးသွား လုပ်ငန်းများ   ပြန်လည်ရှင်သန်ရေး အစီ အစဉ်နှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ကြံ့ကြံ့ ခံနိုင်သော၊ အားလုံးပါဝင်သော အာဆီယံခရီးသွားလုပ်ငန်းများဆိုင်ရာ ဖနောင်ပင် ကြေညာချက်ရေးဆွဲရေးတို့ကို ဦးဆောင် အကောင်အထည်ဖော်ခဲ့ပါကြောင်း ပြော ကြားသည်။ 
ထို့နောက် ညစာစားပွဲတွင် ခမာရိုးရာ ယဉ်ကျေးမှုအကများ၊ အာဆီယံနိုင်ငံများ ၏ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ပြီး မီးရှူး မီးပန်းများ  ပစ်ဖောက်ကာ    အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ကို အောင်မြင် စွာ ဖွင့်လှစ်သည်။

 


လှည့်လည်ကြည့်ရှု


ဇန်နဝါရီ ၁၉  ရက်    နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်    Sam-dech Akka Moha Sena Padei Techo HUN SEN က အာဆီယံခရီးသွားလုပ်ငန်း  ပြပွဲဖွင့်လှစ်ခြင်း အခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ပြီး    အာဆီယံခရီးသွား လုပ်ငန်းများမှ      ဝန်ကြီးများနှင့်အတူ အဖွဲ့ဝင်နိုင်ငံများမှ     ခင်းကျင်းပြသထား သော ခရီးသွားပြခန်းများကို လှည့်လည် ကြည့်ရှုသည်။ 

 


ထို့နောက်     ပြည်ထောင်စုဝန်ကြီး သည်     အာဆီယံအတွင်းရေးမှူးချုပ် Mr.Dato Lim Jok Hoi၊ အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများ၊     ဒုတိယဝန်ကြီး များ၊ နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့ အစည်းများမှ     ကိုယ်စားလှယ်များနှင့် အတူ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကို ဂါရဝပြုတွေ့ဆုံသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၂ နှင့် ဆက်စပ်ကျင်းပသည့်  (၂၅) ကြိမ်မြောက်   အာဆီယံခရီးသွားလုပ်ငန်း  ဝန်ကြီးများအစည်းအဝေး၊   (၂၁)ကြိမ် မြောက် အာဆီယံ+ ၃  (တရုတ်၊ ဂျပန်၊ ကိုရီးယား)   ခရီးသွားလုပ်ငန်းဝန်ကြီး များအစည်းအဝေး၊    (၉)ကြိမ်မြောက် အာဆီယံ+အိန္ဒိယ    ခရီးသွားလုပ်ငန်း ဝန်ကြီးများအစည်းအဝေး၊      ပထမဆုံး အကြိမ်အဖြစ် ကျင်းပသော အာဆီယံ+ ရုရှားခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်း အဝေးနှင့် အာဆီယံ၏   မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သော အာဆီယံ-တရုတ် ဗဟိုဌာန၊     အာဆီယံ-ဂျပန်ဗဟိုဌာန၊ အာဆီယံ-ကိုရီးယားဗဟိုဌာန၊ အာဆီယံ ခရီးသွားလုပ်ငန်းအဖွဲ့၊ အာဆီယံခရီးသွား လုပ်ငန်းသုတေသနအဖွဲ့၊ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့၊  ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီ စသောအဖွဲ့များနှင့် ကျင်းပသည့် အစည်းအဝေးများသို့ တက်ရောက်သည်။

 


သဘောတူအတည်ပြုခဲ့


အဆိုပါအစည်းအဝေးများမှ အာဆီယံ ဒေသအတွင်းတွင် ၂၀၂၁  ခုနှစ်အတွင်း ကနဦးစာရင်းများအရ        နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ၂ ဒသမ ၅ သန်း သာ ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နှင့်   နှိုင်းယှဉ် ပါက ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့မှု၊ ကိုဗစ်-၁၉  အလွန်ကာလ     အာဆီယံခရီးသွား လုပ်ငန်း    ပြန်လည်ထူထောင်ရေးအစီ အစဉ်၊   အာဆီယံခရီးသွားလုပ်ငန်းများ ဘေးကင်းလုံခြုံရေးဆိုင်ရာ    သတ်မှတ် ချက်များရေးဆွဲပြီးစီးမှုနှင့် ASEAN Safe Travel Stamp ကို ဆက်လက်အကောင် အထည်ဖော်မည့်အခြေအနေ၊ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲများမှ အတည်ပြု လမ်းညွှန်ချက်များအပေါ်     အကောင် အထည်ဖော်ဆောင်ရွက်ရေး၊    ASEAN Travel Corridor Arrangement Frame-work အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် မူလရည်မှန်းထားသည့် Essential Business and  Official   ခရီးသွားများ အပြင်     အပန်းဖြေခရီးသွားဧည့်သည် များကိုပါ အဆိုပါမူဘောင်တွင်   တိုးချဲ့ ထည့်သွင်းအကောင်အထည်ဖော် ဆောင် ရွက်ရေးကိစ္စများနှင့် အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန် အလှန်    အသိအမှတ်ပြုရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို   ပြန်လည်လေ့လာ ဆန်းစစ်ရေးကိစ္စရပ်များကို သဘောတူ အတည်ပြုခဲ့ကြသည်။

 


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲသို့ လည်း ကောင်း၊    အာဆီယံခရီးသွားလုပ်ငန်း ဆုများ       ပေးအပ်ခြင်းအခမ်းအနားသို့ လည်း ကောင်း၊    အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်း    အထိမ်းအမှတ် အာဆီယံခရီးသွားလုပ်ငန်း အမှတ်တံဆိပ် (Logo) နှင့်  အာဆီယံခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရုပ်သံမိတ်ဆက်ခြင်း အခမ်း အနားများသို့ လည်းကောင်း တက်ရောက် ခဲ့ကြောင်း သိရသည်။        

သတင်းစဉ်