အာဆီယံကျေးရွာကွန်ရက်စီမံကိန်းဝင် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာကို ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် ဆောင်ရွက်မည်

 

ညောင်ဦး  ဇန်နဝါရီ  ၅


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာဆီယံ ကျေးရွာကွန်ရက်စီမံကိန်း  အကောင်အထည်ဖော်ဆောင်ရွက်မည့်  ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ ဒေသခံပြည်သူများအား  စီမံကိန်းအကြောင်း    မိတ်ဆက်ရှင်းလင်းဆွေးနွေးပွဲ ကို ဇန်နဝါရီ   ၄ ရက်က ပြုလုပ်သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး  ဦးညီညီဦးက  အာဆီယံ ကျေးရွာကွန်ရက်စီမံကိန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်   စီမံကိန်းမှရရှိလာမည့်  အကျိုး ကျေးဇူးများ၊   စီမံကိန်းဖော်ဆောင်ရာတွင်    ကျေးရွာ ပြည်သူလူထု   ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်   တာဝန်များ၊    စီမံကိန်းလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေး စီမံကိန်း ဆိုင်ရာ   သင်တန်းများ  ဖွင့်လှစ်သင်ကြားပေးမည့်    အစီအစဉ်များကို    အသေးစိတ်ရှင်းလင်း ဆွေးနွေး ပြောကြားသည်။


ဆက်လက်၍  တက်ရောက်လာသည့်  ကျေးရွာ နေပြည်သူများက မိမိတို့ကျေးရွာတွင်   စီမံကိန်းဖြင့်   ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်သင့်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊  စီမံကိန်းတွင်ပါဝင်သည့် လုပ်ဆောင်ရမည့် အချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။


နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်နှင့်    ကျေးလက် နေပြည်သူများ   လူမှုစီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍    မြန်မာနိုင်ငံအတွင်း   အာဆီယံ ကျေးရွာကွန်ရက်        ထူထောင်ရေးစီမံကိန်းကို နိုင်ငံတော်အစိုးရက  ကျေးရွာသုံးရွာ  ရွေးချယ်၍ စတင်‌အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ရာ        မန္တလေးတိုင်းဒေသကြီး       ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာကို ‌ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် လည်းကောင်း၊  နေပြည်တော်   လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာကို  ဒစ်ဂျစ်တယ်  ကျေးရွာ လုပ်ငန်းအဖြစ်လည်းကောင်း၊      ရှမ်းပြည်နယ်  (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းပေါခုံကျေးရွာကို ဒေသတစ်ခု ထုတ်ကုန်တစ်ခုလုပ်ငန်းအဖြစ်လည်းကောင်း    သတ်မှတ်ပြီး     ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။        

ရဲဝင်းနိုင်(ညောင်ဦး)