အာဆီယံဒေသတွင်း ငွေပေးချေမှုစနစ်များ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော်  စက်တင်ဘာ  ၁၅


(၂၃) ကြိမ်မြောက်  အာဆီယံငွေပေးချေမှု စနစ်ဆိုင်ရာ လုပ်ငန်းကော်မတီ(Working  Committee  On  Payment  and Settlement System – WCPSS) အစည်း အဝေးကို   ယနေ့နံနက်ပိုင်းတွင်   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


ဆွေးနွေး


အစည်းအဝေးတွင် အာဆီယံဒေသ တွင်း   ငွေပေးချေမှုစနစ်များ   အချိန်နှင့် တစ်ပြေးညီ  ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (၂၀၂၅) ဆိုင်ရာ  Update  အချက်အလက်များ၊ အာဆီယံဒေသတွင်း QR ဖြင့် အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်မည့် Interoperable QR Code Framework ၊ BIS မှ အဆိုပြု တင်ပြသည့်  လက်လီငွေပေးချေမှုများကို အချိန်နှင့်တစ်ပြေးညီ    နိုင်ငံဖြတ်ကျော် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Innovative Hub စသည့်  အကြောင်းအရာများနှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြကြောင်း  သိရ သည်။ 


သတင်းစဉ်