
နေပြည်တော် နိုဝင်ဘာ ၂၄
ကမ္ဘောဒီးယားနိုင်ငံရှိ အာဆီယံဒေသ တွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာန (ARMAC) တွင် ကိုဗစ်-၁၉ ကာလ အတွင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများ အန္တရာယ် အသိပညာပေးမှု (Explosive Ordnance Risk Edu-cation) အကောင်အထည်ဖော်ခြင်း ဖြင့် အာဆီယံ လူ့အသိုက်အဝန်းကို အကာအကွယ်ပြုခြင်းဆိုင်ရာ Regi-onal Webinar အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အစည်းအဝေးသို့ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Mr. Patrick Murphy ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံသံအမတ်ကြီး Mr. Vu Quang Minh (the Chair of the Steering Committee of ARMAC)၊ ကမ္ဘော ဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့ရှိ မိုင်းရှင်းလင်းရေးဗဟိုဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် UNICEF မှ Child Protection Specialist တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တက်ရောက် လာသူများမှ ကိုဗစ်-၁၉ ကာလ အတွင်း မိုင်းအန္တရာယ် အသိပညာပေး (Mine Risk Education) လုပ်ငန်းများ မည်သို့ ဆောင်ရွက်နေကြသည်ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
အာဆီယံဒေသတွင်း မိုင်း ရှင်းလင်းရေးဗဟိုဌာန (ASEAN Regi-onal Mine Action Centre – ARMAC)ကို ၂၀၁၂ ခုနှစ်တွင် အာဆီယံထိပ်သီး အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် တည်ထောင်ခဲ့ကြောင်း၊ မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်ကျန် လက်နက်ပစ္စည်းများ အန္တရာယ် ကြုံတွေ့နေရသည့် ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားပြီး မိုင်း အန္တရာယ်အသိပညာပေးရေး လုပ်ငန်း များအတွက် အမြင်ချင်းဖလှယ်မှု၊ တိုင်ပင်ဆွေးနွေးမှု ဆောင်ရွက်နေကြ သော ဌာနဖြစ်ကြောင်း သိရသည်။
သတင်းစဉ်