
နေပြည်တော် ဧပြီ ၂၇
(၁၈) ကြိမ်မြောက် ဦးဆောင် လမ်းညွှန်မှု ကော်မတီ (18th Meeting of the Steering Committee) အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ကမ္ဘော ဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်း ရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ARMAC ၏ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘော ဒီးယားနိုင်ငံက တာဝန်ယူကျင်းပ သည်။
အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံမှူးကြီး ဒေါ်ဧသန္တာ၊ ဒုတိယ အတွင်းဝန် ဒေါ်အေးသန္တာစိုးတို့ နှင့်အတူ ARMAC ၏ Steering Committee ဝင်များ ဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဉာဏ်မြင့်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ဗိုလ်မှူးကြီး ထင်အောင်ကျော်တို့ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် နေပြည်တော်မှ တက်ရောက်သည်။
အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီး များ၊ ဦးဆောင်လမ်းညွှန် ကော်မတီဝင်ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်း ရေးဗဟိုဌာန (ARMAC) မှ Mr. Prum Suonpraseth (Executive Director, ARMAC) နှင့် တာဝန် ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ ကြသည်။
အစည်းအဝေးတွင် ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ARMAC ၏ အထူးအစည်းအဝေး ကျင်းပရန်၊ ARMAC ၏ TOR နှင့် Mid-Term Review တို့ကို ဆောင်ရွက်ရန်၊ ARMAC ၏ လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်သုံးသပ်ရန်၊ ARMAC ၏ ငွေကြေး အထောက်အပံ့တို့ကို ကောင်းမွန်စေရန် ဆွေးနွေး အတည်ပြု ဆုံးဖြတ်ချက်ချမှတ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်