အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ဆွေးနွေး

 

နေပြည်တော်     မေ   ၁၈ 


ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ မေ ၁၇ ရက်မှ  ၁၈ ရက်အထိ ကျင်းပသည့် အာဆီယံစီးပွားရေး ဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက် ခဲ့သည်။

 


အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး  H.E. Pan Sorasak က သဘာပတိအဖြစ် ဆောင်ရွက် ပြီး  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  စီးပွားရေးဝန်ကြီး များ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများနှင့်  ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံ၏  ကိုဗစ်-၁၉ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာ များတွင် အာဆီယံ၏ စီးပွားရေးထိခိုက်မှု နည်းပါး အောင်ဆောင်ရွက်ရေးနှင့်  စီးပွားရေး   ပေါင်းစည်း မှုတွင် အာဆီယံ၏ အချက်အချာကျမှုကို ပိုမိုမြှင့်တင် ရေးတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးသည်။ 
ထို့ပြင် အာဆီယံစီးပွားရေးဝန်ကြီးများက အင်ဒို- ပစိဖိတ်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေ ရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် စီးပွားရေးမဟာဗျူဟာ နှင့် ဥရောပသမဂ္ဂ၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ မဟာ ဗျူဟာ ပူးပေါင်းဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး၊  ဒေသပြင်ပနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများတွင် အာဆီယံ၏ အချက်အချာကျမှု နှင့် ကြားနေမှုကို ထိန်းသိမ်းရန်နှင့် အင်ဒို-ပစိဖိတ် ဆိုင်ရာ အာဆီယံ ဗဟိုပြုချဉ်းကပ်မှု၊ အာဆီယံ၏  အမြင်ဖြင့် အာဆီယံက ဦးဆောင် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးသဘောတူညီခဲ့သည်။

 


ယင်းနောက် ဝန်ကြီးများက ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်  (Regional Comprehensive Economic Partner-ship-RCEP) သည် ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ထူထောင်ရာတွင် အထောက်အကူပြုသည့် အတွက် အဆိုပါ သဘောတူညီချက် အသက်ဝင်ရေး အတွက် အရှိန်မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ သည်။ ထို့ပြင် ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင်  ကျင်းပမည့် (၁၂) ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝန်ကြီးများ ညီလာခံအတွက် ပြင်ဆင်မှုများနှင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု အစီအမံများနှင့်  စပ်လျဉ်းသည့်   ကုန်သွယ်မှုအပေါ်  သက်ရောက်မှု များကို သတင်းအချက်အလက်များ ဖလှယ်ခဲ့သည်။

 


ဆက်လက်၍    ဝန်ကြီးများသည်     အာဆီယံ စီမံကိန်းများ၏     အခြေခံကနဦး   လုပ်ငန်းများနှင့် အာဆီယံ စီးပွားရေးပေါင်းစည်းမှု အစီအစဉ်များကို လည်း   ဆက်လက်၍   အမြင်ချင်းဖလှယ်   ညှိနှိုင်း ဆွေးနွေးခဲ့သည်။

 


ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်


အစည်းအဝေးတွင်    ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉  အလွန်   အာဆီယံစီးပွားရေး  ပြန်လည် ဦးမော့စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာ တွင် ကြိုတင်မျှော်မှန်းမထားသည့် ရုရှား-ယူကရိန်း စစ်ပွဲအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများ၏ စီးပွားရေး တုံ့နှေးလာမှုသည်   အာဆီယံနိုင်ငံ  အားလုံးအပေါ်  စီးပွားရေးအရ သက်ရောက်မှုများ ရှိခဲ့ပါကြောင်း၊  မြန်မာနိုင်ငံအနေဖြင့်လည်း အခြားအာဆီယံနိုင်ငံများ နည်းတူ    စီးပွားရေးအပေါ်    သက်ရောက်မှုများ တွေ့ကြုံနေရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်  နိုင်ငံရေးအရ   ဖြစ်ပေါ်နေသည့်   စိန်ခေါ်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ အခြေအနေများအရ နိုင်ငံ၏  စီးပွား ရေးအပေါ် သက်ရောက်မှုများကိုလည်း ကိုင်တွယ် ဆောင်ရွက်နေရပါကြောင်း၊ အစိုးရအနေဖြင့် အခက် အခဲများကို ကျော်လွန်ရေး ကြိုးပမ်းဆောင်ရွက်ကာ  ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ၂၀၂၃ ခုနှစ်အတွင်း  ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်     ကြိုတင် ပြင်ဆင်မှုများ  ဆောင်ရွက်နေပြီ   ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏   နိုင်ငံရေးနှင့်  စီးပွားရေး  တည်ငြိမ် တိုးတက်လာစေရေးအတွက် အာဆီယံနိုင်ငံများ၏ အထောက်အကူနှင့်  နားလည်မှုသည် အရေးကြီးပါ ကြောင်း၊   သို့ဖြစ်၍    အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို နားလည်စာနာကာ ဝိုင်းဝန်းအထောက်အကူပြုစေလိုကြောင်း၊ မြန်မာ နိုင်ငံအစိုးရအနေဖြင့် အာဆီယံ၏ စီးပွားရေးမဏ္ဍိုင် အောက်တွင်   ဆောင်ရွက်ရန်ရှိသည့်     ကိစ္စများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသ တွင်း စီးပွားရေး ပေါင်းစည်းမှု အစီအစဉ်များတွင် လည်း ဆက်လက်ပူးပေါင်း    ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 


အစည်းအဝေးကာလအတွင်း     ပြည်ထောင်စု ဝန်ကြီးသည် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်း အဝေး၏  သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး  H.E. Pan Sorasak နှင့်တွေ့ဆုံ၍ အာဆီယံစီးပွားရေး မဏ္ဍိုင်အောက်တွင်               မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာ အကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ဆက်လက် အပြီးသတ် ညှိနှိုင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား  အခွန်နှစ်ထပ် ကောက်ခံမှု ရှောင်ရှားရေး သဘောတူ စာချုပ်နှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်းရန် ကိစ္စရပ် များကိုလည်းကောင်း ဆွေးနွေးသည်။ 

 


နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်


ပြည်ထောင်စုဝန်ကြီးသည်    အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး   H.E. Muhammad Lutfi နှင့်လည်းတွေ့ဆုံ၍  ဒေသတွင်း  ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်မှုတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေ ဖြင့်    အင်ဒိုနီးရှားနိုင်ငံမှ    စားအုန်းဆီများ    ပုံမှန် တင်သွင်းနိုင်ရေးအတွက် လတ်တလော အင်ဒိုနီးရှား နိုင်ငံမှ ပြည်ပတင်ပို့ခွင့် ပိတ်ပင်ထားမှုအပေါ် ဖြေလျှော့ မှုများ ဆောင်ရွက်ပေးရေးနှင့် မြန်မာနိုင်ငံမှ စိုက်ပျိုး ရေး ပို့ကုန်များ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့နိုင်ရေး တို့ကို ဆွေးနွေးညှိနှိုင်းသည်။ 

 


ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည်  ထိုင်းနိုင်ငံ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး H.E. Samsem Samalapa နှင့်လည်း တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို တိုးမြှင့် ရန်ကိစ္စနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်ငွေနှင့်  ထိုင်းဘတ်ငွေတို့ကို အသုံးပြု၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ    ပိုမိုထိရောက်စေရေး   ကိစ္စများကို လည်းကောင်း၊    လာအိုနိုင်ငံ   စက်မှုနှင့်    ကူးသန်း ရောင်းဝယ်ရေး  ဝန်ကြီးဌာန  ဒုတိယဝန်ကြီး   H.E. Bountheung     Douangsavanh   နှင့်  တွေ့ဆုံ၍ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးခဲ့သည်။

 


ပြည်ထောင်စုဝန်ကြီးသည် မေ ၁၇ ရက် ညနေ ပိုင်းက    အင်ဒိုနီးရှားနိုင်ငံ    ကုန်သွယ်ရေးဝန်ကြီး H.E. Muhammad Lutfi က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အခြားအာဆီယံ  စီးပွားရေးဝန်ကြီး များနှင့်အတူ ပါဝင်တက်ရောက်သည်။

 


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ  ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဘာသာရပ် ဆိုင်ရာ တာဝန်ခံအရာရှိတို့ ပါဝင်တက်ရောက်ခဲ့သည်။  

သတင်းစဉ်