
နေပြည်တော် နိုဝင်ဘာ ၉
ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၂၁) ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေး အစီအစဉ်အရ ယနေ့ မွန်းလွဲပိုင်းတွင် အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီ ဝန်ကြီးများနှင့် အာဆီယံစွမ်းအင် ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီး များ၊ စိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးများ မျက်နှာစုံညီ အစည်း အဝေးကို Virtual Format ဖြင့် ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပါဝင်တက်ရောက် သည်။ (အပေါ်ယာပုံ)
အစည်းအဝေးတွင် သဘာ ပတိ ကမ္ဘောဒီးယားနိုင်ငံကုန်သွယ် ရေးဝန်ကြီးဌာန ဝန်ကြီးက အဖွင့် အမှာစကား ပြောကြားသည်။
ကဏ္ဍအလိုက်ဆွေးနွေး
ထို့နောက် အာဆီယံစွမ်းအင် ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီး များ၊ စိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်တို့က အာဆီယံကာဗွန် လျှော့ချရေးအတွက် မဟာဗျူဟာ ရေးဆွဲရေး၊ ကဏ္ဍအလိုက်ပူးပေါင်း ဆောင်ရွက်ရေး၊ တာဝန်ပေးအပ် ရေးနှင့် လုပ်ငန်းလမ်းညွှန်ချမှတ် ရေးတို့ကို ဆွေးနွေးကြသည်။
ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်ရှည် အမျိုးသားပို့ဆောင်ရေး ပင်မစီမံ ကိန်းနှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက်နေမှု၊ ကမ္ဘာ့ကုလ သမဂ္ဂ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ ပြည့်မီစေရန် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ များ ချမှတ်ဆောင်ရွက်နေမှု၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာများ နှင့်အညီ ပို့ဆောင်ရေးကဏ္ဍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် အမျိုးသားအဆင့် အကောင်အထည်ဖော်ရေး စီမံ ချက် ရေးဆွဲပြီး ပို့ဆောင်ရေးနည်း များတွင် ကာဗွန်လျှော့ချရေး ဆောင်ရွက်နေမှုများကို ဆွေးနွေး သည်။
အကြံပြုဆွေးနွေး
ဆက်လက်၍ ကာဗွန်ဓာတ်ငွေ့ ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရေး အတွက် “မှတ်ပုံတင်သက်တမ်း ကြာမြင့်ယာဉ်များ ဖျက်သိမ်းရေး နှင့် အစားထိုးယာဉ်တင်သွင်းရေး စီမံချက်” ကို ၂၀၁၁ ခုနှစ်မှ စတင် ၍ ဆောင်ရွက်နေမှု၊ လက်ရှိကာလ တွင် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးလာ စေရေး၊ တင်သွင်း၊ ထုတ်လုပ် အသုံးပြု ပြေးဆွဲရန် လိုအပ် သည့် မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ကဏ္ဍ တွင် ကမ်းရိုးတန်းသွား ရေယာဉ် များတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အစိမ်းရောင် သင်္ဘောမဟာဗျူဟာနှင့် ပြည်တွင်း ရေကြောင်းသွား ရေယာဉ်များ၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး၊ လေကြောင်းပို့ဆောင် ရေးကဏ္ဍတွင် အပြည်ပြည် ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ကွန်ဗင်းရှင်းပါ စံညွှန်းများနှင့် အညီ ကာဗွန်လျှော့ချရေး အစီ အစဉ်၌ ပါဝင်ဆောင်ရွက်နေမှုများ နှင့် အာဆီယံဒေသတွင်း ကာဗွန် လျှော့ချရေးအောင်မြင်စွာ ဆောင် ရွက်နိုင်ရန် မဟာဗျူဟာရေးဆွဲ ချမှတ်ရန် လိုအပ်မှု၊ မဟာဗျူဟာ ရေးဆွဲရေးအပေါ် ကဏ္ဍအလိုက် တာဝန်ပေးအပ်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်မှု၊ ဖန်လုံ အိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအချက် အလက်များ စုဆောင်းအကဲဖြတ် မှုများတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်မှုများကို အကြံပြုဆွေးနွေး သည်။
တက်ရောက်
အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေး ဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ၊ ပို့ဆောင် ရေးဝန်ကြီးများ၊ စွမ်းအင်ဝန်ကြီး များ တက်ရောက်ကြပြီး ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော် ထွန်းနှင့် တာဝန်ရှိသူများလည်း ပါဝင် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်