အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇွန်    ၁ 


အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌  ကျင်းပသည်။

 


ဆွေးနွေးပြောကြား


အစည်းအဝေးတွင်    ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက     ၂၀၂၂    ခုနှစ်    မေလတွင် အင်ဒိုနီးရှားနိုင်ငံ  ဘာလီ၌ ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေးဝန်ကြီးများ    အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှု၊ ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ  ချဉ်းကပ်မှုပုံစံသစ်များနှင့်  အာဆီယံအပြင် အခြားပူးပေါင်းဆောင်ရွက်မှုများကတစ်ဆင့် အသစ် ထွက်ပေါ်လာသည့်   အစီအစဉ်များတွင်  ဘာသာရပ် အလိုက် လိုအပ်သည်များကို  ပြင်ဆင်ထားရှိရေးကိစ္စ၊   ဒေသတွင်း  ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်   စတင်အသုံးပြုဆောင်ရွက်နိုင်မှု နှင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်  မျှော်မှန်း ချက် ရေးဆွဲလျက်ရှိရာ မြန်မာနိုင်ငံက  ပါဝင်ဆောင် ရွက်လျက်ရှိသည့်    အခြေအနေများကို     ရှင်းလင်း ဆွေးနွေးပြောကြားသည်။ 
ဆက်လက်၍           ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့်  အေအီးစီ  အကောင်အထည် ဖော်မှု၌   ၂၀၂၁  ခုနှစ်တွင်  ၇၀ ဒသမ ၇ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး    ဒေသတွင်းပျမ်းမျှ အကောင်အထည်ဖော်မှုထက်   ကျော်လွန်ခဲ့သည့် အတွက်  ၂၀၂၂ ခုနှစ် အေအီးစီ  အကောင်အထည် ဖော်မှုလုပ်ငန်းများတွင်       မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ရန်ရှိသည့်   လုပ်ငန်းများကို  ဆက်လက် ဆောင်ရွက်ရန်နှင့် အာဆီယံသဘောတူညီချက်များ အရ    လိုက်နာဆောင်ရွက်ရမည့်   သဘောတူထား သည့်  ကတိကဝတ်များကို  လိုက်ပါဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက်   အာဆီယံအသိုက်အဝန်း     ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ   အဆင့်မြင့် လုပ်ငန်းအဖွဲ့၏  မြန်မာနိုင်ငံမှ  ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်    ဒုတိယဝန်ကြီး    ဦးသန်းအောင်ကျော်က  အာဆီယံအသိုက်အဝန်း ၂၀၂၅  အလွန်မျှော်မှန်းချက် ရေးဆွဲရေးအတွက်  ဆောင်ရွက်လျက်ရှိသည့်  အခြေ အနေနှင့် မျှော်မှန်းချက်တွင် ထည့်သွင်းမည့် အဓိကအချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊   အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိ၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က  အာဆီယံ၏ လက်ရှိဆောင် ရွက်လျက်ရှိသော  လုပ်ငန်းများ၊       ရှေ့ဆက်လက် ဆောင်ရွက်မည့်   အစီအစဉ်များနှင့်   မြန်မာနိုင်ငံက အကောင်အထည်ဖော်မှုများကို       လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက်       လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ကော်မတီ အလိုက် ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်    အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့်  ကိစ္စရပ်များကို တင်ပြကြရာ  ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 


အစည်းအဝေးသို့    လုပ်ငန်းကော်မတီ  ၂၂  ခုမှ ဒုတိယဝန်ကြီးများ၊          အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်    တာဝန်ရှိသူများ တက်ရောက်ကြသည်။               

သတင်းစဉ်