
နေပြည်တော် နိုဝင်ဘာ ၈
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ပဉ္စမ အကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hyett Regency Hotel ၌ ကျင်းပသည်။
အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ကိုယ်စား လှယ်များနှင့် အာဆီယံနိုင်ငံရေး-လုံခြုံရေးအသိုက် အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက် ရောက်ကြသည်။ အဆိုပါ အစည်းအဝေးသို့ အဆင့်မြင့် လုပ်ငန်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံ၏ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ် (Eminent Person) အဖြစ် ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက် ရောက်သည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းဖော်ပြမည့် အဓိကသွင်ပြင်လက္ခဏာများကိစ္စ၊ အာဆီယံနိုင်ငံခြား ရေး ဝန်ကြီးများ၏ တာဝန်ပေးအပ်ချက်အရ (၃၁) ကြိမ်မြောက် အာဆီယံပူးပေါင်းညှိနှိုင်းရေး ကောင်စီ အစည်းအဝေး၏ အတည်ပြုချက်ရယူပြီး အကြိမ် (၄၀) မြောက် အာဆီယံထိပ်သီးအစည်း အဝေးသို့ တင်ပြမည့် အာဆီယံ၏ စွမ်းဆောင်ရည်နှင့် အဖွဲ့အစည်း၏ ထိရောက်မှုစွမ်းရည် မြှင့်တင်ရေး ဆိုင်ရာ အကြံပြုချက် (မူကြမ်း) များကိစ္စ၊ ဒေသတွင်း ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ရေးဆိုင်ရာ နည်းလမ်းများကိစ္စ၊ အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းညှိနှိုင်းရေးအစည်း အဝေးသို့ တင်ပြမည့် အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက် တိုးတက်မှုအစီရင်ခံစာ(မူကြမ်း) ကိစ္စ စသည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်း ချက်ရေးဆွဲရန် အဆင့်မြင့်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေး ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပ ခဲ့သည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြု ခဲ့ကြသည်။ အဆိုပါ အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။
သတင်းစဉ်