အာဆီယံအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ သတင်းအချက်အလက်မျှဝေရေးနှင့် သင်ကြားရေးဝက်ဘ်ဆိုက်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ   ၈


ဟိုတယ်နှင့်   ခရီးသွားလာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင်          အာဆီယံ- အမေရိကန်    စီးပွားရေးကောင်စီ၊ နိုင်ငံတကာ     ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ    အမေရိကန်အေဂျင်စီနှင့် အာဆီယံတို့၏  ပူးပေါင်းဆောင် ရွက်မှုဖြင့် ကျင်းပသည့် “အာဆီယံ အသေးစားနှင့်     အလတ်စား စီးပွားရေး    လုပ်ငန်းများဆိုင်ရာ သတင်းအချက်အလက်  မျှဝေရေး နှင့်    သင်ကြားရေးဝက်ဘ်ဆိုက် ASEAN SME  Academy 2.0 ဖွင့်လှစ် ခြင်းအခမ်းအနား”     သို့   ဝန်ကြီး ဌာန နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။ 

 


အခမ်းအနားသို့   ဝန်ကြီးဌာန မှ   ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက    အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။ 
အခမ်းအနားကို    အာဆီယံ ဒေသတွင်းရှိ   SME   လုပ်ငန်းများ ပိုမို     ပူးပေါင်းဆောင်ရွက်ရန် အတွက်    အခွင့်အလမ်းတစ်ခု အဖြစ်      ဖန်တီးပေးနိုင်ရန်နှင့် အာဆီယံ အသေးစား၊    အငယ်စား နှင့်     အလတ်စားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ၏ အစီအစဉ်တစ်ရပ်အဖြစ် ၂၀၁၆ ခုနှစ်တွင်    စတင်တည်ထောင် ခဲ့သည့် ASEAN SME Academy Website ကို အဆင့်မြှင့်တင်ထား ရှိမှုကို မိတ်ဆက်ရန်   ရည်ရွယ်၍ “ASEAN SME Academy 2.0 - အာဆီယံ       နိုင်ငံများအတွင်း အသေးစား၊   အလတ်စားလုပ်ငန်း များ၏   ခုခံနိုင်စွမ်းတည်ဆောက် ခြင်း” ခေါင်းစဉ်ဖြင့်   ကျင်းပခြင်း ဖြစ်သည်။ 

 


အခမ်းအနားတွင်   အာဆီယံ အထွေထွေ   အတွင်းရေးမှူးချုပ် H.E. Mr. Dato Lim Jock Hoi၊ အာဆီယံ အသေးစား၊  အငယ်စား နှင့်    အလတ်စားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ၊      အာဆီယံစီးပွားရေး အကြံပေးကောင်စီ၊      အာဆီယံ ဆိုင်ရာ     အမေရိကန်မစ်ရှင်၊ အာဆီယံ- အမေရိကန်  စီးပွားရေး ကောင်စီမှ    တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သတင်းအချက်အလက်  မျှဝေရေး နှင့်    သင်ကြားရေးဝက်ဘ်ဆိုက် ဖြစ်သော ASEAN SME Academy 2.0 ကို စတင်ဖွင့်လှစ်သည်။ 

 


ASEAN   SME  Academy သည်    ဘဏ္ဍာရေး၊   စီမံခန့်ခွဲမှု၊ စျေးကွက်မြှင့်တင်ရေး၊    နည်း ပညာ၊ ကုန်သွယ်မှု  စသည့်ဘာသာ ရပ်များကို    သင်ကြားပို့ချလျက် ရှိပြီး    အဆိုပါ   Website   ကို အသုံးပြုခြင်းအားဖြင့်   အာဆီယံ SME     လုပ်ငန်းများအနေဖြင့် Digital Platform ကို  အသုံးပြု၍ စွမ်းဆောင်ရည်နှင့်  ယှဉ်ပြိုင်နိုင် စွမ်း     မြှင့်တင်နိုင်သည့်    အခွင့် အလမ်းများ၊  ကိုဗစ်-၁၉ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရာ တွင် ASEAN SME  လုပ်ငန်းများ အနေဖြင့် အရေးကြီးသည့်   အခန်း ကဏ္ဍမှ ပါဝင်နေမှု၊ ဗီဇာ၊ အမေဇုန် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုလုပ်ငန်း များမှ ကျွမ်းကျင်ပညာရှင်များက အာဆီယံ SME  စီးပွားရေးလုပ်ငန်း ကဏ္ဍများ၏ လုပ်ငန်းကျွမ်းကျင်မှုမြှင့်တင်ရေး    ပူးပေါင်းဆောင် ရွက်မှုကို    ရှင်းလင်းပြောကြား သည်။

 

ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးက    ခရီးသွားလုပ်ငန်း ကဏ္ဍ၏   နောက်ဆက်တွဲလုပ်ငန်း စဉ်အနေဖြင့်       ASEAN SME Academy 2.0 အား မြန်မာနိုင်ငံ ပုဂ္ဂလိကခရီးသွားကဏ္ဍမှ    ပါဝင် အသုံးပြု၍    အကျိုးကျေးဇူးများ ရရှိစေရေးအတွက်   ကျယ်ကျယ် ပြန့်ပြန့်       မြှင့်တင်ဆောင်ရွက် သွားရန်     ဆွေးနွေးမှာကြားသည်။ အဆိုပါ         ဝက်ဘ်ဆိုက်သည် ဖိလစ်ပိုင်နိုင်ငံ     ကုန်သွယ်ရေး သင်တန်းဌာန၊    ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဌာနနှင့် အာဆီယံ- အမေရိကန်    စီးပွားရေးကောင်စီ တို့မှ   ပူးပေါင်းစီစဉ်သည့်   အခမဲ့ သင်ယူနိုင်မည့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။

 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်     ရန်ကုန်၊     ပုဂံ၊ မန္တလေး၊     ဟဲဟိုး၊    ကျိုင်းတုံ၊ ထားဝယ်၊ စစ်တွေနှင့်  ပုသိမ်တို့ရှိ သတင်းပြန်ကြားရေးကောင်တာ များ၏ ပြင်ဆင်ဆောင်ရွက်ထားရှိ မှုကို အွန်လိုင်းမှ ကြည့်ရှုစစ်ဆေး သည်။ 

 


ကြည့်ရှု           စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက    နိုင်ငံ တကာ   လေကြောင်းလိုင်းများ စတင်ဖွင့်လှစ်တော့မည် ဖြစ်သည့် အတွက် မြန်မာနိုင်ငံသို့ ဝင်ရောက် လာသော   ပြည်တွင်းပြည်ပ   ခရီး သွား   ဧည့်သည်များကို   ပြည့်စုံ ကောင်းမွန်သော       ဝန်ဆောင်မှု ပေးနိုင်ရန်      တိုင်းဒေသကြီး/ ပြည်နယ်များမှ နယ်ရုံးခွဲတာဝန်ခံ များအနေဖြင့် ခရီးစဉ်ဒေသများ၌ အထူးအလေးထား  ဂရုပြုဆောင် ရွက်သွားကြရန်  လိုအပ်ပါကြောင်း၊ လေဆိပ်များနှင့်         ခရီးသွား ဆွဲဆောင်ရာနေရာများရှိ  သတင်း ပြန်ကြားရေး     ကောင်တာများ၌ နိုင်ငံတကာ   ခရီးသွားများအတွက် သာမက  ပြည်တွင်းခရီးသွားများ အတွက်    ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ ခရီးသွားဧည့်သည်များ အများဆုံး  လာရောက်လည်ပတ် ကြသည့်   ခရီးစဉ်ဒေသများဖြစ် သော   ရန်ကုန်၊   ပုဂံ၊   မန္တလေး၊ ဟဲဟိုး အစရှိသော ခရီးစဉ်ဒေသ များရှိ     သတင်းပြန်ကြားရေး ကောင်တာများအနေဖြင့်    လာ ရောက်မေးမြန်းမည့် ခရီးသည်များ ကို  အကောင်းဆုံးဝန်ဆောင်မှုပေး နိုင်ရန်        လိုအပ်သည်များကို ကြိုတင်   စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊       ခရီးသွား မြှင့်တင်ရေးဆိုင်ရာ         စာအုပ်၊ စာစောင်များ၊   QR Code     များ၊ Digital Signage များမှ  ခရီးသွား သတင်း       အချက်အလက်များ အမှန်တကယ်  ရရှိနိုင်ရေးအတွက် အစဉ်အမြဲ   Update   ဖြစ်နေစေ ရေးနှင့်   လိုအပ်သော   သတင်း အချက်အလက်များ    လွှင့်တင် ထားရေး ဆောင်ရွက်ထားကြရန် မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်