အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်ကြီး ရှစ်ခုကို မြန်မာနိုင်ငံ၌ တည်ထောင်ထိန်းသိမ်းထား

 

ရန်ကုန်  ဖေဖော်ဝါရီ  ၁


ကမ္ဘာကြီးပူနွေးလာမှုနှင့်   ကမ္ဘာ့ ရာသီဥတု   ဖောက်ပြန်မှုတို့ကို ထိန်းချုပ်ကာကွယ်တားဆီးပေး နိုင်သည့် သစ်တောများနှင့် သဘာဝ ဥယျာဉ်ကြီးများကို ကမ္ဘာ့နိုင်ငံများ ၌  ပြုစုပျိုးထောင် ထိန်းသိမ်းစောင့် ရှောက်ကြလျက်ရှိပြီး မြန်မာနိုင်ငံ တွင်လည်း အာဆီယံအမွေအနှစ် အမျိုးသား   ဥယျာဉ်ကြီးရှစ်ခုကို တည်ထောင်    ထိန်းသိမ်းထား ကြောင်း  သိရသည်။
အမျိုးသားဥယျာဉ်ကြီးများကို ထိန်းသိမ်းခြင်းသည်   ဇီဝအဝန်း နယ်မြေကို တည်ထောင်နိုင်ခြင်း ဖြစ်ပြီး လူနှင့်သဘာဝ သဟဇာတ ဖြစ်တည်မှုကို ပေါင်းစည်းပေးခြင်း ဖြစ်၍ သာယာလှပသောကမ္ဘာကြီး တည်တံ့ဖွံ့ဖြိုးမှု   အကျိုးကျေးဇူး ကို ခံစားရရှိစေနိုင်မည်ဖြစ်သည်။ ဇီဝရပ်ဝန်း   ထူထောင်ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများ      ရေရှည် တည်တံ့မှုကို  ဖြစ်ထွန်းစေလျက် ရှိပြီး   ဇီဝမျိုးစုံမျိုးကွဲများရှင်သန် ရာ   အမျိုးသားဥယျာဉ်ကြီးများ တည်တံ့ခိုင်မြဲမှုသည်   လူသားတို့ အတွက် စီးပွားရေး၊ လူမှုရေးနှင့် ဂေဟဗေဒစနစ်များ ဖွံ့ဖြိုးတိုးတက် မှုနှင့် ဆက်နွှယ်လျက်ရှိရာ ကမ္ဘာ့ လူသန်း ၂၅၀ ကျော်၏ ဘဝများ နှင့်လည်း     သက်ဆိုင်လျက်ရှိ ကြောင်း သုတေသနပညာရှင်များ က သုံးသပ်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင်   အာဆီယံ အမွေအနှစ် အမျိုးသားဥယျာဉ်များ ဖြစ်သည့် အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊   အင်းလေး ကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော၊  အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်၊       မိန်းမလှ ကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ နတ်မတောင် အမျိုးသား ဥယျာဉ်၊ လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ်နှင့်    ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့ကို နိုင်ငံ တော်က ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပြီး     အမျိုးသားရေးစိတ် ဖြင့်  ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းဖြင့်    အာဆီယံ အမွေအနှစ် အမျိုးသားဥယျာဉ်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးမှုအကျိုး ရလဒ်မှ ကမ္ဘာ့ရာသီဥတုထိန်းညှိ မှုကို အထောက်အပံ့ဖြစ်စေလျက် ရှိရာ နိုင်ငံအတွက် ဂုဏ်တင့်လျက် ရှိသည်။
“နိုင်ငံမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းဟာ အရေး ကြီးလာတယ်လို့   ပြောရမှာပါ။ ထုတ်ယူသုံးစွဲမှုချည်းပဲ လုပ်လို့မရ ပါဘူး၊ ထိန်းသိမ်းမှုလည်း လုပ်ရ မှာပါ။ နိုင်ငံအတွင်းမှာရှိတဲ့ ဇီဝ မျိုးစုံမျိုးကွဲနယ်မြေတွေ၊ သဘာဝ သယံဇာတတွေ၊    မှီခိုတောတွေ အားလုံးမှာ ထုတ်ယူသုံးစွဲမှုအပြင် ထိန်းသိမ်းရမယ်၊ ပြီးတော့ ရေရှည် ထုတ်ယူသုံးစွဲနိုင်တဲ့စနစ်ကို သွား ရမှာပါ။ အဲဒီအပိုင်းမှာ စီမံအုပ်ချုပ် မှု အပိုင်းဟာလည်း အရေးကြီးပါ တယ်။ ကျွန်တော်တို့ ရည်မှန်းချက် က တစ်နိုင်ငံလုံးဧရိယာရဲ့    ငါး ရာခိုင်နှုန်းကနေ   ၁၀  ရာခိုင်နှုန်း အထိ သဘာဝနယ်မြေတိုးချဲ့တဲ့ စနစ်ကို  လုပ်‌ဆောင်သွားဖို့   ရှိပါ တယ်။ ရေတို၊  ရေရှည်စနစ်နဲ့ သဘာဝထိန်းသိမ်းရေး  နယ်မြေ တွေကို တည်ထောင်လုပ်‌ဆောင်မှု ဟာ    သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသွားနိုင်ဖို့အတွက် ပါ။ မြန်မာနိုင်ငံမှာရှိတဲ့   သဘာဝ ထိန်းသိမ်းရေးနယ်မြေ   အားလုံး ဟာ အရေးကြီးပါတယ်။  သဘာဝ ထိန်းသိမ်းရေး နယ်မြေအမျိုးအစား မတူညီပေမယ့်    သူ့အပေါ်   စီမံ အုပ်ချုပ်မှုနဲ့ တန်ဖိုးဟာ အတူတူ ပါပဲ။  ဒါကြောင့် သဘာဝနယ်မြေ ဖြစ်တဲ့     အမျိုးသားဥယျာဉ်တွေ ရေရှည်တည်တံ့ဖို့       အတွက် အားလုံးဟာ  အရေးကြီးတယ်လို့ ပြောရတာပါ။       နိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်တဲ့    အာဆီယံ အမွေအနှစ်   အမျိုးသားဥယျာဉ် ကြီးရှစ်ခုကို    ထိန်းသိမ်းနိုင်ဖို့ သက်ဆိုင်ရာဌာနတွေ၊ နိုင်ငံတကာ အသင်းအဖွဲ့တွေ၊ လူမှုရေးအသင်း အဖွဲ့တွေနဲ့    ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်နေပါတယ်။ အာဆီယံ မှာဆိုရင် မြန်မာနိုင်ငံဟာ သဘာဝ ထိန်းသိမ်းရေး   နယ်မြေတွေကို ထိန်းသိမ်းမှုအဆင့်ဟာ ထိပ်ပိုင်း မှာ ရှိနေပါတယ်”ဟု နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။
မြန်မာနိုင်ငံ၌     သဘာဝ ထိန်းသိမ်းရေးနယ်မြေ အမျိုးအစား များဖြစ်သည့် သိပ္ပံကြိုးဝိုင်း၊ အမျိုး သားဥယျာဉ်၊ အဏ္ဏဝါအမျိုးသား ဥယျာဉ်၊      သဘာဝကြိုးဝိုင်း၊ တောရိုင်းတိရစ္ဆာန်   ဘေးမဲ့တော၊ ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေ၊ ဒေသအစုအဖွဲ့ သဘာဝထိန်းသိမ်း ရေးနယ်မြေတို့ဖြင့် အမျိုးအစား များ   ခွဲခြားထားပြီး   သဘာဝ နယ်မြေ အမျိုးအစားများအလိုက် အကျိုးပြုလျက်ရှိသည်။ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း လုပ်ငန်း တွင် မြန်မာနိုင်ငံအနေဖြင့်ထိပ်ပိုင်း ၌ ရပ်တည်လျက်ရှိရာ ယနေ့အထိ  သဘာဝထိန်းသိမ်း‌ရေး    နယ်မြေ  ၅၉ ခုအထိ  တိုးချဲ့တည်ထောင် ထား၍ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂    ရာခိုင်နှုန်းအထိ    သဘာဝ ထိန်းသိမ်းရေးနယ်မြေများအဖြစ် သတ်မှတ်တည်ထောင် ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရ သည်။          

ညိမ်းသူ(သတင်းစဉ်) 
ဓာတ်ပုံ-ကနူး