
နေပြည်တော် ဩဂုတ် ၂
၂၀၂၃ အာဆီယံ ယူ-၂၃ ချန်ပီယံ ရှစ်ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် အိမ်ရှင်ထိုင်း အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အရှေ့တောင် အာရှ ၁၀ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး အုပ်စုသုံးခုခွဲ၍ ကျင်းပ မည်ဖြစ်သည်။ မြန်မာအသင်း သည် အုပ်စု (က) တွင် အိမ်ရှင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု (ခ) တွင် တီမော၊ မလေးရှား၊ အင်ဒိုနီးရှား၊ အုပ်စု (ဂ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုထိပ်ဆုံး သုံးသင်းနှင့် ဒုတိယနေရာရအသင်းများ အနက် အကောင်းဆုံးတစ်သင်းသာ ဆီမီးဖိုင်နယ် တက်ရောက်မည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိနေ သည်။ မြန်မာအသင်းသည် အုပ်စုပွဲများ အဖြစ် သြဂုတ် ၁၇ ရက်တွင် ထိုင်း အသင်း၊ သြဂုတ် ၁၉ ရက်တွင် ကမ္ဘော ဒီးယားအသင်း၊ သြဂုတ် ၂၁ ရက်တွင် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းသည် ယခု ပြိုင်ပွဲပြီးပါက စက်တင်ဘာလဆန်းတွင် ၂၀၂၄ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ၊ စက်တင်ဘာ ၁၉ ရက်မှ အောက်တို ဘာ ၇ ရက်အထိ ကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအသင်းသည် ယခုနှစ်အတွင်း ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၂၃ ပြိုင်ပွဲတွင် ယှဉ်ပြိုင် ခြင်းဖြစ်ပြီး မေလက ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရာ စတုတ္ထနေရာ ရရှိသည်။
မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ တွင် တွေ့ဆုံခဲ့သည့် အသင်းများအနက် ထိုင်း၊ ကမ္ဘောဒီးယားတို့နှင့် ပြန်လည် တွေ့ဆုံနေခြင်းဖြစ်ပြီး ကမ္ဘောဒီးယား ကို အနိုင်ရသော်လည်း ထိုင်းအသင်း ကို အရေးနိမ့်ခဲ့သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - MFF