
ရန်ကုန် ဩဂုတ် ၁၂
မြန်မာယူ-၂၃ အသင်းသည် ၂၀၂၃ အာဆီယံ ယူ-၂၃ ပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံသို့ ဩဂုတ် ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာ သွားသည်။
မြန်မာယူ-၂၃ အသင်းတွင် ကစားသမားများအဖြစ် ဂိုးသမား- ဟိန်းထက်စိုး (ဧရာဝတီယူနိုက်တက်)၊ နေလင်းထက် (မဟာယူနိုက် တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ)၊ နောက်တန်း-ရှင်းသန့်အောင် (ဟံသာဝတီယူနိုက်တက်)၊ မိုးဆွေအောင် (အား/ကာသိပ္ပံ)၊ မင်းခန့် (ရခိုင်ယူနိုက်တက်)၊ ထူးမြတ်ခန့် (ကချင်ယူနိုက်တက်)၊ လတ်ဝေဘုန်း (ဧရာဝတီယူနိုက်တက်)၊ နောင်နောင်စိုး (ရတနာပုံ)၊ လန်းဆန်းအောင် (အား/ကာသိပ္ပံ)၊ သက်ဟိန်းစိုး(ရတနာပုံ)၊ ဉာဏ်လင်းထက် (ရန်ကုန်)၊ အလယ်တန်း-မင်းမော်ဦး (သစ္စာအားမာန်)၊ စိုးမင်းဦး (မြဝတီ)၊ ဟိန်းဇေယျာမင်း(မြဝတီ)၊၊ အာကာကျော် (မဟာယူနိုက်တက်)၊ ပီတာအောင်ဝေထူး (ဧရာဝတီယူနိုက်တက်)၊ ချစ်အေး (ရတနာပုံ)၊ ညီညီ (ကချင်ယူနိုက်တက်)၊ ခွန်ကျော်ဇင်ဟိန်း (ဟံသာဝတီ)၊ အောင်မျိုးခန့် (ရတနာပုံ)၊ ၊ မိုးဆွေ (ရတနာပုံ)၊ သန်းတိုးအောင် (ကချင်)၊ ရှေ့တန်း - သန်းတိုးအောင် (GFA)၊ စွမ်းထက် (ရတနာပုံ) တို့ ပါဝင်ကြ သည်။ မြန်မာ ယူ-၂၃ အသင်းအမာခံကစားသမားအချို့မှာ ကလပ် အသင်းပွဲစဉ်များနှင့် တိုက်ဆိုင်နေသဖြင့် ယခုပြိုင်ပွဲတွင် ပါဝင်ကစား နိုင်မည်မဟုတ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းသည် သြဂုတ် ၁၁ ရက်က ရန်ကုန်ယူနိုက်တက် အသင်းနှင့် ခြေစမ်းကစားပြီးနောက် ပဏာမကစားသမား ၃၇ ဦးမှ ၂၅ ဦးရွေးချယ်ခဲ့သည်။
မြန်မာယူ-၂၃ အသင်းသည် အာဆီယံ ချန်ပီယံရှစ် အုပ်စု (က)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်လျက်ရှိပြီး ဩဂုတ် ၁၇ တွင် ထိုင်း၊ ဩဂုတ် ၁၉ တွင် ကမ္ဘောဒီးယား၊ ဩဂုတ် ၂၁ တွင် ဘရူနိုင်း အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF