အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယပွဲတွင် မြန်မာအသင်း ဗီယက်နမ်ကို ထပ်မံရှုံးနိမ့်

ဂျီနီဗာ  ဇွန်  ၄

 

ဆာဟယ်ဒေသ   တစ်လွှားတွင် လူသားချင်း  စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ပေါင်း ၂၄ သန်းရှိကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဇွန်  ၃  ရက်တွင်  ပြောကြားသည်။

 

ယခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့်        တုံ့ပြန်ဆောင်ရွက်မှု အစီရင်ခံစာတွင် ဘာကီနာဖာဆို၊ ချဒ်၊ မာလီ၊ နိုင်ဂျာ၊ ကင်မရွန်းနိုင်ငံ မြောက်ပိုင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတို့ရှိ     အခြေ အနေများ     ပိုမိုဆိုးရွားလာနိုင် ကြောင်း သတိပေးထားသည်ဟု ကုလသမဂ္ဂ  ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန် ဒူဂျာရစ်က ပြောသည်။ အဆိုပါ       ဒေသတစ်လွှားတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဆာဟယ်ဒေသအလယ်ပိုင်း၌      လက်နက်ကိုင်အဖွဲ့များက    ၎င်းတို့၏    လွှမ်းမိုးနယ်ပယ်     ကျယ်ပြန့်လာစေရန်         ကြိုးပမ်း လျက်ရှိကြောင်း        ၎င်းက ဆက်လက်ပြောကြားသည်။

 

မလုံခြုံသည့် အခြေအနေများကြောင့်   လူမှုအသိုင်းအဝိုင်းများ နေရပ်စွန့်ခွာရခြင်း၊         စာသင် ကျောင်းများနှင့်       ကျန်းမာရေး အဆောက်အအုံများ    ပိတ်ထားရခြင်းတို့ကြုံနေရပြီး    ရာသီဥတု ဖောက်ပြန်မှုကလည်း အခြေအနေများကို       ပိုမိုဆိုးရွားစေသည့် အကြောင်းရင်းတစ်ရပ်    ဖြစ်နေသည်။ ၂၀၂၅ ခုနှစ်အတွင်း လူပေါင်း    ၂၉၀၀၀၀ ခန့်သည် ရေလွှမ်းမိုးမှုဒဏ်   ခံစားခဲ့ရသည်။    ထပ်ခါ တလဲလဲဖြစ်ပွားနေသည့် မိုးခေါင်မှုများနှင့် သဲကန္တာရမြေ ကျယ်ပြန့်လာမှုတို့ကြောင့် လယ်ယာမြေများ ပျက်စီးခဲ့ရပြီး      လူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာလည်း ရပ်တည်ရန်         ခက်ခဲကြမ်းတမ်းလျက်ရှိသည်။

 

အဆိုပါ     အခြေအနေများကို တုံ့ပြန်ဆောင်ရွက်ရာတွင်    ကုလသမဂ္ဂနှင့်        လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ   မိတ်ဖက် အဖွဲ့အစည်းများက     ငွေကြေးထောက်ပံ့မှုအစီအစဉ်များကို တိုးချဲ့ ခြင်း၊  ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေခြင်းနှင့် ဒေသခံအဖွဲ့အစည်းများအား ပိုမိုထောက်ပံ့ပေးခြင်းတို့မှ တစ်ဆင့် လိုအပ်ချက်များကို ပိုမိုထိရောက် စွာ ဖြည့်ဆည်းပေးနိုင်ရန်  ကူညီ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။  

 

ဆင်ဟွာ