အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာအဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်   ဇွန်   ၂၈


အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နေပြည်တော်မှ ပါဝင်တက်ရောက်သည်။


ဆွေးနွေးပွဲသို့     ရုရှားနိုင်ငံနှင့်     အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး နှင့်အတူ    ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်    ဗိုလ်ချုပ် မြင့်ကျော်ထွန်းနှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ် ကြီး ဗိုလ်မှူးချုပ်ကျော်ရွှေထွန်းတို့ ပါဝင်တက်ရောက်ကြသည်။ 


ဆွေးနွေးပွဲ၌ Secretary of the Security Council of the Russian Federation, Nikolai Patrushev နှင့် အာဆီယံ- ရုရှား ဆွေးနွေးပွဲ အတွက် ညှိနှိုင်းရေးတာဝန်ခံနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ Acting Deputy for Foreign Policy Coordination, Coordinating Ministry for Political, Legal and Security Affairs, Dr. Pribadi Sutino တို့က အဖွင့်အမှာစကားပြောကြားကြပြီး အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံရေးရာ နှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် စိန်ခေါ်မှုများအပေါ် အာဆီယံ  အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့က တစ်နိုင်ငံချင်းအလိုက် ဆွေးနွေး ကြသည်။


မိတ်ဝတ်မပျက်ဆက်ဆံရေး


ဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံတင်းပြည့် အဖွဲ့ဝင်အဖြစ်  ပါဝင်လာပြီးနောက်  အာဆီယံအဖွဲ့ဝင်များအကြား အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေးကို ကျင့်သုံးလာသကဲ့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အပါအဝင် အာဆီယံ၏ အခြားဆွေးနွေး ဖက်နိုင်ငံများနှင့်လည်း သာတူညီမျှ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ထူထောင်ထားရှိခဲ့ကြောင်း၊  မြန်မာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၏    ဆွေးနွေးဖက်နိုင်ငံတစ်ခုအဖြစ်သာမက    မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊  မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံတို့အကြား နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း တည်ရှိသောကြောင့် အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံရေးဆိုင်ရာမူဝါဒနှင့် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များတွင် ဘုံသဘောထားရပ်တည်ချက်ထားရှိရန် လိုအပ်ကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်ဆိုင်ရလျက်ရှိကြောင်း၊  ဒေသတွင်းရှိ ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေး၊ စွမ်းအင်ဆိုင်ရာလုံခြုံရေး၊ အကြမ်းဖက်အန္တရာယ်၊ မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် တရားမဝင်ရွှေ့ပြောင်း  သွားလာမှုတားဆီးကာကွယ်ရေးတို့မှအစပြု၍       လူသားဆိုင်ရာ လုံခြုံရေးနှင့် အစားအသောက်ဆိုင်ရာ လုံခြုံရေးအထိပါ အာဆီယံနှင့် ရုရှားဖက်ဒရေးရှင်းတို့၏   ပူးပေါင်းဆောင်ရွက်မှုသည်   အရေးကြီး ကြောင်း၊    အာဆီယံဒေသနှင့် အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံရေး ဆိုင်ရာ တိုးတက်မှုတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် တွင် တစ်နိုင်ငံလုံး၏ မဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းကျော် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပ ကာ အများစုအနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲအပ်ပေးနိုင်ခဲ့ ကြောင်း၊ သို့သော် ၂၀၁၅ တွင် ရွေးကောက်ပွဲအနိုင်ရရှိလာသော နိုင်ငံရေး  ပါတီသည် သတင်းမီဒီယာလွတ်လပ်ခွင့်များ အပါအဝင် ဒီမိုကရေစီ  အခွင့်အရေးများကို ပိတ်ပင်တားဆီးခဲ့သည့်အပြင် စီးပွားရေးကဏ္ဍ တွင်လည်း မှားယွင်းသည့် မူဝါဒများကြောင့် မြန်မာကျပ်ငွေ တန်ဖိုး လျော့နည်းကျဆင်းခြင်းများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း။ 


၂၀၂၀ တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင်လည်း တစ်ပါတီ တည်း အများစုအနိုင်ရရှိရန် မဲမသမာမှုများအပါအဝင် မတရားသည့်  နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ရာ မတရားသဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ထိုသို့ မဲမသမာမှုများကြောင့် လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီနှင့် ရွေးကောက်ပွဲစနစ်အပေါ် ယုံကြည်မှုကင်းမဲ့လာခဲ့ကြောင်း၊ သို့သော် အနိုင်ရပါတီသည် အဆိုပါရွေးကောက်ပွဲရလဒ်အပေါ် အသိအမှတ်ပြု ပြီး လွှတ်တော်ခေါ်ယူရန်  ကြိုးပမ်းခဲ့သဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် မလွှဲမရှောင်သာဘဲ   အာဏာကိုထိန်းသိမ်းခဲ့ရကြောင်း၊   ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။


သို့သော် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ဆူပူအကြမ်းဖက်သူ များသည် လမ်းမများကို ပိတ်ဆို့ခြင်း၊ ဓာတ်ဆီပုလင်းဗုံး၊ လက်ပစ်ဗုံး၊  သေနတ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ်ခြင်း တို့ကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက  လုံခြုံမှုကိုထိန်းသိမ်းနိုင်ရန် ခြောက်လှန့်ပစ်ခတ် လူစုခွဲထိန်းသိမ်းခဲ့ရကြောင်း၊ သို့သော် အဖျက် အမှောင့်လုပ်ငန်းများသည်   ရပ်တန့်သွားခြင်းမရှိကြောင်း၊   ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီက ဦးဆောင်၍ လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကို တရားမဝင်ဖွဲ့စည်းပြီး နိုင်ငံတော်ဆန့်ကျင်ရေး  အဖျက်အမှောင့်လုပ်ငန်းများကို တန်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း CRPH မှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စင်ပြိုင်ဖွဲ့စည်းကာ  နိုင်ငံတကာနှင့် ဆက်သွယ်ခြင်း၊ အာဆီယံအဖွဲ့နှင့် ဆက်သွယ်ခြင်းတို့ဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို သံတမန်ရေး အကျပ် အတည်းနှင့် စီးပွားရေးအကျပ်အတည်းတို့ ပေါ်ပေါက်စရန် ဆောင်ရွက် လျက်ရှိကြောင်း။


 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အာဏာကို  စတင်တာဝန်ယူစဉ်ကတည်းက    ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်ကာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် “နိုင်ငံတော်အား အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ် ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆောင်ရွက်သွားနိုင်ရန်” ဟူ၍ ပါဝင်ကြောင်း။
အားထုတ်ကြိုးပမ်းလျက်ရှိ


မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးစုအားလုံး လိုလား တောင့်တနေသည့်   ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုတစ်ရပ်ဖော်ဆောင်နိုင်ရေးသာမက      နိုင်ငံရေးဖွံ့ဖြိုး တိုးတက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု တို့အတွက်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အားထုတ် ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့ပြင် ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာရေး နှင့်   တစ်ပါတီအာဏာရှင်စနစ်သို့   သွေဖည်မသွားစေရေးအတွက် တပ်မတော်တွင်    အပြည့်အဝတာဝန်ရှိနေဆဲဖြစ်ကြောင်း၊    ထိုသို့ ကြိုးပမ်းရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ်များကို ချုပ်ဆိုခဲ့သည့်အပြင် နိုင်ငံရေးစားပွဲဝိုင်းတွင် လည်း    တန်းတူရည်တူ   ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း၊    ကမ္ဘာ့ မိသားစုဝင်နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံရေးနှင့် လုံခြုံရေးအတွက် အခြားနိုင်ငံ များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။


လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်  အခက်အခဲများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး  အာဆီယံဒေသတွင်းနှင့် အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေးအခြေအနေ  များအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း၊ ထို့ပြင် အာဆီယံ ဒေသတွင်းရှိ နိုင်ငံရေးရာနှင့် လုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များအတွက် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဆွေးနွေးပြောကြားသည်။ 


ထို့နောက် Secretary of the Security Council of the Russian Federation, Nikolai Patrushev နှင့် အာဆီယံ- ရုရှား ဆွေးနွေးပွဲ အတွက် ညှိနှိုင်းရေးတာဝန်ခံနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ Acting Deputy for Foreign Policy Coordination, Coordinating Ministry for Political, Legal and Security Affairs, Dr. Pribadi Sutino တို့က နိဂုံးချုပ်အမှာစကား ပြောကြားကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။        

                                    သတင်းစဉ်