
နေပြည်တော် ဩဂုတ် ၁၀
အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထု ဖြစ်စဉ်များမှာ အားအနည်းငယ် ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာ ပုံစံပြု မော်ဒယ်များ ခန့်မှန်း ချက်အရ ဩဂုတ်လအတွင်း အားအနည်းငယ်ရှိသော လာနီ ညာအဆင့်တွင် ဆက်လက် တည်ရှိနိုင်သည်ဟု ခန့်မှန်း ရသည်။
လာနီညာ ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ် သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ် ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမို ဖြစ်ပေါ်လာနိုင်ခြင်းနှင့် မိုးရွာ သွန်းမှု ပုံမှန်ထက်ပိုမိုခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။
လာနီညာ ဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေ များအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့သွား မည်ဖြစ်သည်။
မိုး/ဇလ