AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၉
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးအနီးရှိ ဒေသ အခေါ်အဝေါ်    ကိုရီးယားဆိပ်ကမ်း   ဈေးအတွင်း၌ ယနေ့နံနက်  ၈  နာရီခွဲခန့်တွင်  ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကြောင့်   ဒေသခံပြည်သူအချို့   သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ     ဖြစ်ပွားခဲ့သည့်အတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုကယ်ဆယ်ရေး  အသင်းအဖွဲ့များက သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ မှုများ ပြုလုပ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား  စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက် ရှိသည်။ 
ထို့ပြင် AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ဖေဖော်ဝါရီ  ၂၈  ရက်တွင်လည်း ပုဏ္ဏား ကျွန်းမြို့သို့   နယ်မြေလုံခြုံရေး   ဆောင်ရွက်လျက် ရှိသည့်    တပ်မတော်စစ်ကြောင်းများနှင့်    မြို့နယ် ရဲတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တွေ  တပ်နယ်ဘက်သို့လည်း     လက်နက်ကြီးများဖြင့်  လက်လွတ်စပယ်    ပစ်ခတ်ခဲ့မှုကြောင့်     တပ်နယ် အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်များ  ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံကျေးရွာသားအချို့  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ   ဖြစ်စဉ်များနှင့်ပတ်သက်၍  တည်ငြိမ်  အေးချမ်းလျက်ရှိသော မြို့၊ ရွာများအတွင်း လက်နက် ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲ များ ဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း ၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်း သူများ၏ လုပ်ရပ်များကို ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်း    မရှိကြောင်းနှင့်      ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်း ရရှိသည်။                       သတင်းစဉ်