AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့ရှိ ယာယီနေရပ်စွန့်ခွာသူများနေထိုင်သည့် စာသင်ကျောင်းအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိ

 

နေပြည်တော်   မေ  ၄ 
ရခိုင်ပြည်နယ်  ဘူးသီးတောင်မြို့ အမှတ်  (၁)   ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများ နေထိုင် သည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း သို့ AA အကြမ်းဖက်သောင်းကျန်း သူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ နှစ်ဦး    သေဆုံးခဲ့ပြီး    အသက် တစ်နှစ်ခွဲ၊   အသက်   သုံးနှစ်နှင့် အသက် ငါးနှစ်အရွယ်ကလေးငယ် များအပါအဝင် ဒေသခံပြည်သူ ၁၅ ဦး  ဗုံးစထိမှန်   ဒဏ်ရာများရရှိခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ  AA  အကြမ်းဖက် သောင်းကျန်းသူများသည် ယနေ့ နံနက် ၁ နာရီခန့်တွင် ဘူးသီးတောင် မြို့၏တောင်ဘက်  မီတာ ၄၀၀၀ ခန့်အကွာရှိ ဘဂုံးနားတောင်ရွာ ဘက်မှနေ၍   လက်နက်ကြီးများ ဖြင့် လူနေရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ      ပစ်ခတ်ခဲ့မှု ကြောင့် ဘူးသီးတောင်မြို့ အမှတ် (၁)   ရပ်ကွက်အတွင်းရှိ   ယာယီ နေရပ်စွန့်ခွာနေသူများ    နေထိုင် သည့်    အမှတ်  (၁)  အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း သို့ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ယင်းသို့ လက်နက်ကြီးကျည် များ      ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသော  ယာယီနေရပ်စွန့်ခွာ     ဒေသခံ ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီးအသက် တစ်နှစ်ခွဲ၊     အသက်သုံးနှစ်နှင့် အသက်ငါးနှစ်အရွယ်    ကလေး ငယ်လေးဦးအပါအဝင်  ဒေသခံ ပြည်သူ ၁၅ ဦး ဗုံးစထိမှန်ဒဏ်ရာ များ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများ အား သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့များက   ဘူးသီးတောင်မြို့ရှိ နယ်မြေခံ  တပ်မတော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုခံယူစေလျက်ရှိသည်။
AA အကြမ်းဖက်သောင်းကျန်း သူများသည်    ရခိုင်ပြည်နယ် အတွင်း      ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နေမှုနှင့် လူမှု စီးပွားဘဝပျက်စီးစေရန် ရည်ရွယ် ချက်ဖြင့် လူနေရပ်ကွက်/ကျေးရွာ များအတွင်းသို့ လက်နက်ကြီးများ ဖြင့်   ရည်ရွယ်ချက်ရှိရှိ   ပစ်ခတ် တိုက်ခိုက်ခဲ့မှုအနေဖြင့်      ယခု အကြိမ်အပါအဝင် စုစုပေါင်း ၁၃ ကြိမ်   ရှိခဲ့ပြီး    ယင်းသို့    ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၅၇ ဦး  သေဆုံးခဲ့ ကာ ၁၀၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့် တည်ငြိမ်အေးချမ်း လျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက် များအတွင်း   လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်း၊    တိုက်ပွဲ များ       ဖော်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး      ဒေသ ကောင်းစားရေးဟု     သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိ ရာ   ၎င်းတို့၏    လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့် လုပ်ရပ်များဖြစ်သဖြင့်    ဒေသခံ ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။    
    သတင်းစဉ်