နေပြည်တော် ဧပြီ ၁၄
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာ များဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေ ကျေးရွာများအတွင်းသို့ ဧပြီ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် AA အကြမ်းဖက် သောင်းကျန်း သူများက လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာများ အတွင်းရှိ ဘာသာရေးအဆောက် အဦများ၊ လူနေအိမ်များနှင့်ဈေးဆိုင် များ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါကျေးရွာများနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများမှ ဘင်္ဂါလီလူမျိုးကျေးရွာသူ၊ ကျေးရွာ သားများ စုစုပေါင်း ၃၀၀၀ ကျော် ခန့်သည် ၎င်းတို့၏ ကျေးရွာများ အား စွန့်ခွာ၍ ဘူးသီးတောင်မြို့ ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေရလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ အကြမ်းဖက်သောင်း ကျန်းသူများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် အဆိုပါ ကျေးရွာများမှ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုး အမျိုး သား၊ အမျိုးသမီး စုစုပေါင်း အင်အား ၂၀၀၀ ကျော်ခန့်သည် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင် မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာစုဝေးရောက်ရှိလာပြီး “AA အလိုမရှိ၊ မွတ်ဆလင်များအား လူသားဒိုင်းပြုလုပ်မှု ချက်ချင်းရပ်၊ မွတ်ဆလင် ကျေးရွာများအား မီးရှို့ဖျက်ဆီးမှု ချက်ချင်းရပ်၊ မွတ်ဆလင်များအား လူမျိုးတုန်း သတ်ဖြတ်မှု ချက်ချင်းရပ်” စသည့် စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်၍ မေယု လမ်းမကြီး၊ ၎င်းမှ ဓညဝတီလမ်း အတိုင်း နာရီစင်လမ်းဆုံ၊ ထိုမှ တစ်ဆင့် ဦးဥတ္တမလမ်းအတိုင်း နတ်ပင်ရင်းလမ်းဆုံ၊ ၎င်းမှ တစ်ဆင့် မေယုလမ်းမကြီးအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်