(၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (MCIS-2021) ဖွင့်ပွဲအခမ်းအနားကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်
 

နေပြည်တော်    ဇွန်     ၂၃


(၉) ကြိမ်မြောက်  နိုင်ငံတကာ   လုံခြုံရေးဆိုင်ရာ ညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်       ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ   RADISSON  Hotel  ၌  ကျင်းပ ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။


အဆိုပါအခမ်းအနားသို့  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး   Army   General   Sergey Kuzhugetovich Shoigu၊ စစ်ဘက်၊  အရပ်ဘက်မှ အကြီးအကဲများ၊ နိုင်ငံပေါင်း ၆၇ နိုင်ငံမှ  အကြီးအကဲ များ၊ ကာကွယ်ရေးဝန်ကြီးများ၊  ဒုတိယကာကွယ်ရေး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ညီလာခံသို့ တက်ရောက်လာကြသူများက Rosoboronexport ကုမ္ပဏီနှင့်  အခြားကုမ္ပဏီများက    ခင်းကျင်းပြသထား သည့်   ကာကွယ်ရေးဆိုင်ရာ   စစ်လက်နက်ပစ္စည်း များအား လေ့လာကြည့်ရှုကြသည်။


 အဖွင့်အမှာစကားပြောကြား


ယင်းနောက်  ညီလာခံအား  စတင်ကျင်းပပြုလုပ် ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Putin ပြောကြားသည့်   (၉) ကြိမ်မြောက်   နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ  ညီလာခံ (Moscow Conference on International Security- 2021(MCIS- 2021)) အမှာစကား   video  ကို    ဖွင့်လှစ်ပြသသည်။ ယင်းနောက်  ကာကွယ်ရေးဝန်ကြီးက  အဖွင့်အမှာ စကား ပြောကြားသည်။ 


ပါဝင်ဆွေးနွေး


ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V.Fomin က  ဦးဆောင်ဆွေးနွေးပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်းကွပ်ကဲရေးမှူး   Army   General   Valery GERASIMOV၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Colonel General WEI FENGHE၊ ကာတာနိုင်ငံမှ  Deputy Prime Minister and Minister of Denfece ဖြစ်သူ Dr.Khalid Bin   Mohammad AL-  ATTIYAH၊ ဘီလာရုစ်နိုင်ငံမှ    ကာကွယ်ရေးဝန်ကြီး     Viktor KHRENIN၊  President of the  international Committee of  the Red  Cross ဖြစ်သူ  Peter MAURER၊  အာဖဂန်နစ္စတန်နိုင်ငံမှ  သမ္မတဟောင်း Khamid KARZAI တို့က  သက်ဆိုင်ရာ  ခေါင်းစဉ် များအလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ညီလာခံ မတက်ရောက်နိုင်သူများက Online မှတစ်ဆင့် ပါဝင် ဆွေးနွေးကြသည်။
ယင်းနောက် ညီလာခံအား  အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ရာ   ဒုတိယပိုင်း      မျက်နှာစုံညီ အစည်းအဝေးတွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင်  အာရှ-  ပစိဖိတ် ဒေသအရေးအား  ဆွေးနွေးခြင်း (The Asia-Pacific Region in the  Context  of  Global Politics)” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။


ခေါင်းစဉ်များအလိုက် ဆွေးနွေး


ဆက်လက်ပြီး    မော်လဒိုက်နိုင်ငံ၊   ကာကွယ်ရေး ဝန်ကြီးဌာန၊    ဒုတိယကာကွယ်ရေးဝန်ကြီး   Mr. Hassan ZAMEEL၊    ဗီယက်နမ်နိုင်ငံ   အမျိုးသား ကာကွယ်ရေးဝန်ကြီး Senior  Lieutenant General PHAN VAN GIANG၊ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ဝန်ကြီးချုပ် နှင့်  ကာကွယ်ရေးဝန်ကြီးဖြစ်သူ     H.E.  Sheikh AASINA၊  ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ  ကာကွယ်ရေး ဝန်ကြီး Mr. Halbi YUSSOF တို့က   သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက်       ဆွေးနွေးခဲ့ကြသည်။  (နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊       တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏    ဆွေးနွေးမှုနှင့်   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊      ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တို့အား       သီးခြားဖော်ပြ သွားမည်ဖြစ်သည်။)                           
သတင်းစဉ်