
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူလူထုများ အေးချမ်းတည်ငြိမ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များကို အပြုသဘောဆောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့
နေပြည်တော် ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၈) ကြိမ်မြောက် မြန်မာ - ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 8th High Level Committee Meeting ကို ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi တို့သည် သီးခြားတွေ့ဆုံ၍ တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့နောက် (၈) ကြိမ်မြောက် မြန်မာ - ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi တို့နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ၊ နှစ်နိုင်ငံစစ်သံမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အဖွင့်အမှာစကားပြောကြား
ဦးစွာ (၈) ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်း အဝေး၏ မြန်မာဘက်ပူးတွဲဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ (၈) ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးကို မြန်မာ့တပ်မတော်မှ အိမ်ရှင်အဖြစ် ကျင်းပ ပြုလုပ်ခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည် နှင့်အညီ ခိုင်မာပြီး ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးကို ရှေးယခင်ကတည်းကပင် တည်ဆောက်ထားပြီး ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုများနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီး မြန်မာ - ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို ၂၀၁၃ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသည့် တပ်မတော်နှစ်ရပ်မှ အရာရှိကြီးများ အပြန်အလှန်ခရီးစဉ်များ၊ (ကြည်း၊ ရေ၊ လေ) ကဏ္ဍအလိုက် အစည်းအဝေးများ၊ နယ်ခြား ကော်မတီအစည်းအဝေးများနှင့် အားကစားပြိုင်ပွဲ များကို ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အချို့သော အစည်းအဝေးများကို Video Conferencing ဖြင့်သာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း။
ကြိုးပမ်းဆောင်ရွက်သွားမည်
ယခုကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် မြန်မာ - ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးမှတစ်ဆင့် တပ်မတော် နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတိုးတက်အားကောင်း လာစေရန် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးတို့ကို အရှိန်အဟုန်မပျက်စေဘဲ ကောင်းမွန်သည် ထက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းကို အခိုင်အမာပြောကြားလိုကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခဲ့
ထို့နောက် (၈) ကြိမ်မြောက် မြန်မာ - ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ ထိုင်းဘက်ပူးတွဲဥက္ကဋ္ဌဖြစ်သူ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိနှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များအား မြန်မာ့တပ်မတော်မှ နွေးထွေး ရင်းနှီးစွာ ကြိုဆိုခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် ပူးတွဲအစည်း အဝေးများ ကျင်းပနိုင်ခဲ့ခြင်း မရှိသော်လည်း မြန်မာ့ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများကို မိမိအနေဖြင့် အမြဲဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ချိန်တွင်လည်း ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ယခုကဲ့သို့ မြန်မာ - ထိုင်း တပ်မတော်နှစ်ရပ် အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး များ ကျင်းပနိုင်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းနှင့် နည်းလမ်းများကို ချမှတ်နိုင်မည့်အပြင် နယ်စပ် ဒေသရှိ တပ်ဖွဲ့များအနေဖြင့်လည်း ချမှတ်ထားသည့် လမ်းကြောင်းများအတိုင်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ် ဒေသတစ်လျှောက်ရှိ နှစ်နိုင်ငံပြည်သူများအတွက် အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ထာဝရရပ်တည်ဆောင်ရွက်သွားမည်
မိမိအနေဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲဆက်ဆံရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရေး ထာဝရရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းတပ်မတော်နှင့် မြန်မာ့ တပ်မတော်ကို ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက်တည်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကအစည်းအဝေးအစီအစဉ်များကို အတည်ပြုကြ သည်။
ရှင်းလင်းတင်ပြ
ယင်းနောက် (၃၄) ကြိမ်မြောက် မြန်မာ - ထိုင်း နယ်ခြားကော်မတီအစည်းအဝေး၏ ရလဒ်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး ခင်လှိုင် ကလည်းကောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက် ၍ ဆွေးနွေးနိုင်ခဲ့သည့်ကိစ္စရပ်များအား အခမ်းအနား မှူးကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး က 8th High Level Committee Meeting ၌ ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
အတည်ပြုလက်မှတ်ရေးထိုး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ သည် အစည်းအဝေးသဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန် လဲလှယ်ကြသည်။
ဆက်လက်၍ ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် နိဂုံးချုပ်အမှာစကားများ ပြောကြားကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ သည် အစည်းအဝေးတက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အစည်းအဝေး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယခုပြုလုပ်သည့် မြန်မာ - ထိုင်း တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးမှ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူလူထုများ အေးချမ်းတည်ငြိမ် ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များကို အပြုသဘောဆောင် ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့သည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဇနီးတို့သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်