(၇)ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ စစ်တွေမြို့၌ ကျင်းပ

 

စစ်တွေ   မေ   ၁၅


ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် မရမာကြီး တိုင်းရင်းသားများ၏ (၇)ကြိမ်မြောက် အမျိုးသားနေ့ အခမ်းအနားကို မေ ၁၄ ရက်က စစ်တွေမြို့  ကျောင်းတက်လမ်း ရပ်ကွက်ရှိ မရမာကြီးဘုန်းတော် ကြီး (ကျောင်းဟောင်း)၌ ကျင်းပ သည်။

 


အခမ်းအနားတွင်  မရမာကြီး တိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာအကများဖြင့် ကပြဖျော်ဖြေ ကြပြီး မရမာကြီးတိုင်းရင်းသားလူမျိုးများ၏ နာယကဆရာတော် ကြီးက  ဩဝါဒကထာ  မိန့်ကြား သည်။ ထို့နောက်  ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူး ကြီး သက်လွင်က ဂုဏ်ပြုအမှာ စကားပြောကြားပြီး   မရမာကြီး စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးမောင်နုက မရမာကြီးအမျိုးသား နေ့  ဖြစ်ပေါ်လာပုံအကြောင်းကို  ရှင်းလင်းပြောကြားကာ မရမာကြီး အမျိုးသားနေ့  ကျင်းပနိုင်ရေး အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက ပေးအပ်သည်။ 

 


မရမာကြီး အမျိုးသားနေ့ကို မရမာကြီးတိုင်းရင်းသား   မဟာ ဗောဓိလူမှုရေးအသင်းက ကြီးမှူး ၍ ကျင်းပခြင်းဖြစ်ပြီး ရခိုင်တိုင်းရင်း သားမျိုးနွယ်စုဝင်   မရမာကြီး တိုင်းရင်းသားများသည်   ရခိုင် ပြည်နယ် စစ်တွေမြို့၊ ပုဏ္ဏားကျွန်း မြို့၊  မြောက်ဦးမြို့နယ်၊  မင်းပြား မြို့နယ်၊   မောင်တောမြို့နယ်၊ ကျောက်ဖြူမြို့၊   ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် နေထိုင် ကြကာ  လက်ရှိတွင်  လူဦးရေ ၁၅၀၀၀ ခန့်ရှိကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)