ရန်ကုန်    ဒီဇင်ဘာ    ၁ 
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် (7th World Vovinam Championships) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာဗိုဗီနမ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေနှစ်ခု၊ ငွေသုံးခု၊ ကြေးကိုးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။    
အဆိုပါပြိုင်ပွဲ၌ အမျိုးသမီးတစ်ဦးချင်းအတိုက် (၄၉-၅၁) ကီလိုတန်းမှ မနှင်းသက်ဝေက ရွှေတံဆိပ်၊ Pair machete form male ပြိုင်ပွဲတွင် အောင်ခိုင်လင်း နှင့် ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီး တစ်ကိုယ်တော် ဓားအပြတွင် ငွေတံဆိပ် တစ်ခု၊ အဖွဲ့လိုက် ခြောက်ယောက်တွဲတွင် ငွေတံဆိပ် တစ်ခု၊ တုတ်ရှည်တစ်ကိုယ်တော်အပြတွင် မောင်တင် ထူးဇော်က ငွေတံဆိပ်တစ်ခု၊ အမျိုးသားလေးယောက် တွဲ  အပြမှ  ကြေးတစ်ခု၊  အမျိုးသားနှစ်ယောက်တွဲ  ဓားမြှောင်အတိုက်အပြမှ ကြေးတံဆိပ်တစ်ခု၊ အမျိုး သမီး တစ်ကိုယ်တော် လက်သိုင်းအပြမှ ကြေးတံဆိပ် တစ်ခု၊  တင်းတောင်  အမျိုးသမီးတစ်ဦး  အမျိုးသား သုံးဦး   ကစားနည်းမှ   ကြေးတစ်ခု၊   အမျိုးသား လေးယောက်တွဲ   ဓားအပြပြိုင်ပွဲမှ    ကြေးတံဆိပ် တစ်ခု၊ အမျိုးသားတစ်ကိုယ်တော် ဓားအပြမှ ကြေး တံဆိပ်တစ်ခု၊ အမျိုးသား ၅၁-၅၄ ကီလိုအတိုက်မှ ကြေးတံဆိပ်တစ်ခု၊ အမျိုးသားနှစ်ယောက်တွဲ ဓား အတိုက် အပြမှ ကြေးတံဆိပ်တစ်ခု၊ နှစ်ယောက်တွဲ အပြမှ ကြေးတံဆိပ်တစ်ခု အသီးသီး ရရှိခဲ့ကြောင်း သိရသည်။    
ယင်းပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံများဖြစ်သည့် အယ်ဂျီ ရီးယား၊ ဆီနီဂေါ၊ တရုတ်၊ အိန္ဒိယ၊ အီရတ်၊ အီရန်၊ သြစတြေးလျ၊ ဘီလာရုစ်၊ အီဂျစ်၊ ဂျပန်၊ ကိုရီးယား၊ နီပေါ၊ ပါလက်စတိုင်း၊ ရိုမေးနီယား၊ ရုရှား၊ စပိန်၊ အီတလီ   စသည့်နိုင်ငံများ၊   အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံဝင်ရောက်ယှဉ်ပြိုင်  ခဲ့ကြသည်။ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာဗိုဗီနမ်အသင်းတွင်    အုပ်ချုပ်၊    နည်းပြနှင့် အားကစားသမား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး လေးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဒီဇင်ဘာ ၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။ 
အာကာစိုး
      


