(၇၉)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနားများသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့်တာဝန်ရှိသူများ သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်ဂုဏ်ပြုပန်းခြင်းချ အလေးပြု

 

နေပြည်တော်  မတ်   ၂၇


ယနေ့တွင် ကျရောက်သည့်   (၇၉)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနားများသို့ တက်ရောက်ရန်  ရောက်ရှိနေသည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည်   ယနေ့ နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန်(နေပြည်တော်) သို့သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချပြီး သူရဲကောင်း စစ်သည်များအား အလေးပြုကြသည်။
လက်မှတ်ရေးထိုး
ဦးစွာ  မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့်တာဝန်ရှိသူများသည်   သူရဲကောင်း ဗိမာန်အတွင်း  နေရာယူကြပြီး   သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချကာ အလေးပြုကြသည်။ ထို့နောက် မြန်မာနိုင်ငံအခြေစိုက်  နိုင်ငံခြားစစ်သံမှူးများကိုယ်စား အဖွဲ့ခေါင်းဆောင်    မြန်မာနိုင်ငံဆိုင်ရာ   အင်ဒိုနီးရှားနိုင်ငံ စစ်သံမှူးက ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ကြည့်ရှုလေ့လာ
ထို့နောက်  စစ်သံမှူးများနှင့်အဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန်(နေပြည်တော်)၌ အမှတ်တရ စုပေါင်း မှတ်တမ်းတင်  ဓာတ်ပုံရိုက်ကူးကြပြီး  ဗိမာန်အတွင်း   လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။      

သတင်းစဉ်