
နေပြည်တော် မတ် ၂၇
(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲကို ယနေ့ညပိုင်းတွင် နေပြည် တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်၍ ဆုများ ကို ပေးအပ်ချီးမြှင့်သည်။
ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာ သည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်သိန်းဇော် ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများ က အလေးပြုကြသည်။
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က ဂုဏ်ပြုဆုများရရှိကြသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး (ရေ) အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) အထူးတာဝန်တပ်ဖွဲ့ (အမျိုး သမီး) စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်း အဖွဲ့၊ လေအိတ်ပလွေတီးဝိုင်းအဖွဲ့၊ အောင်ဇေယျစစ်ကြောင်း (အမျိုးသမီး)အလံအဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့ တို့ကိုလည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုရရှိသည့် အနော်ရထာ စစ်ကြောင်း စစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့ အကောင်းဆုံးဆုရရှိသည့် ဘုရင့်နောင် စစ်ကြောင်းအလံအဖွဲ့၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသမီး) တပ်ခွဲ တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ အကောင်းဆုံး စခန်း တတိယဆုရရှိသည့် ထောက်ပံ့ နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စား ပြုစစ်ရေးပြတပ်ခွဲ (၃)၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စား ပြု စစ်ရေးပြတပ်ခွဲ(၂)၊ စစ်ရေးပြအကောင်း ဆုံး တတိယဆုရရှိသည့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲတို့အားလည်းကောင်း ဂုဏ်ပြု ဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အမျိုးသမီး)တပ်ခွဲ ဒုတိယဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ ဒုတိယ ဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ (၃)၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) (အမျိုး သမီး)တပ်ခွဲ ဒုတိယဆုရရှိသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု (အမျိုး သမီး) စစ်ရေးပြတပ်ခွဲ၊ အကောင်းဆုံး စခန်း ဒုတိယဆုရရှိသည့် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆုရရှိသည့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြ အကောင်းဆုံး ဒုတိယဆုရရှိသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိ ချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး) တပ်ခွဲ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)တပ်ခွဲ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုး သား) စစ်ရေးပြတပ်ခွဲ(၄)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသမီး) တပ်ခွဲ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ် ရုံး(ရေ)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြ တပ်ခွဲ၊ အကောင်းဆုံးစခန်း ပထမဆု ရရှိသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ချီ သီချင်း အကောင်းဆုံး ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စား ပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံး ပထမဆုရရှိသည့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ပထမဆု ရရှိသည့် သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲတို့ကို ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့် သည်။
ဒိုင်းဆုနှင့်ဂုဏ်ပြုဆုငွေ ချီးမြှင့်
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ကာကွယ်ရေးဦးစီး ချုပ်ရုံး (လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့ ဂုဏ်ပြု ဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)အုပ်ဖွဲ့ပျံသန်းအဖွဲ့၊ စံပြတပ်ခွဲ တတိယဆုရရှိသည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ၊ စံပြတပ်ခွဲ ဒုတိယဆုရရှိ သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)၊ စံပြ တပ်ခွဲ ပထမဆုရရှိသည့် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲများအား ဒိုင်းဆုနှင့် ဂုဏ်ပြု ဆုငွေများအား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်