(၇၉)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၈
(၇၉)နှစ်မြောက်   တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ   ဒုတိယ အကြိမ်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ  ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်သည်။
တက်ရောက်
အစည်းအဝေးသို့ တပ်မတော် နေ့ကျင်းပရေး    ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်  ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ အဖွဲ့ဝင်များနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်နေ့ကျင်းပ ရေး      ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး  အရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က (၇၉)နှစ်မြောက် တပ်မတော် နေ့ အခမ်းအနားအား အောင်မြင် စွာ      ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ      လုပ်ငန်းအဖွဲ့ ကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်      ပတ်သက်၍ အဖွင့်အမှာစကား      ပြောကြား သည်။
လုပ်ငန်းဆောင်ရွက်ထားမှုတင်ပြ
ထို့နောက်     သက်ဆိုင်ရာ ကော်မတီများနှင့်   လုပ်ငန်းအဖွဲ့ များက လုပ်ငန်းဆောင်ရွက်ထား ရှိမှု  အခြေအနေများကို  အသေး စိတ်     ရှင်းလင်းတင်ပြကြရာ တပ်မတော်နေ့ကျင်းပရေး  ဦးစီး ကော်မတီဥက္ကဋ္ဌ    တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ထိန်ဝင်းက ရှင်းလင်း တင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။              
    သတင်းစဉ်