
နေပြည်တော် မတ် ၂၂
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအလှူငွေပေးအပ်ပွဲသို့ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ တပ်မတော်နေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် သိန်းဇော်နှင့် စစ်ကြောင်းမှူးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ (၇၉)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကုမ္ပဏီ ၂၁၅ ခုနှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုအလှူငွေစုစုပေါင်း ငွေကျပ် (၁၃၆၅၆၃၀၀၀၀) ၁ ဒသ မ ၃ ဘီလီယံ ကျော်ကို ပေးအပ်လှူဒါန်းကြရာ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း ၊ တပ်မတော်နေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်း လှိုင်၊ တပ်မတော်နေ့ ကျင်းပရေး စစ်ရေးပြလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကိုလေး၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်သိန်းဇော်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။
ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲ အပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်