
နေပြည်တော် မတ် ၇
(၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက် ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် ရန်အောင်မြင်ခန်းမနှင့် နယ်မြေခံသင်တန်းကျောင်းခန်းမ တို့၌ ကျင်းပသည်။
အဆိုပါ (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲ ကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အဆင့် အဆင့်(၄)ဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုသူများ ၏ ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှု များကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မန္တလေးတပ်နယ်တို့မှ တာဝန်ရှိသူများ သွားရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်