
နေပြည်တော် မတ် ၂၁
(၇၈) နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ အနောက် တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းစုစုပေါင်း (၈၈) ဦးတို့က စုပေါင်းသွေးလှူဒါန်း ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သွေးပေါင်ချိန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများ ခံယူ ကြပြီး သတ်မှတ်နေရာများ၌ စုပေါင်း သွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး သွေးအလှူရှင်များ အတွက် အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် အားဆေးများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်