
နေပြည်တော် မတ် ၂၁
(၇၈) နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၂)ရပ်ကွက် နောင်ကျောက်လမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအဖွဲ့များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် နောင်တုံကုမ္ပဏီက တာဝန်ရှိသူ တစ်ဦးက နောင်ကျောက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူးက ကွန်ကရစ်လမ်း အလှူရှင်ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး အလှူရှင်က နောင်ကျောက်လမ်း ဆိုင်ရာ အချက်အလက်များကို မြို့နယ်စည်ပင်သာယာရေးဌာန သို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန် ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက ကွန်ကရစ်လမ်းသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး လမ်းဖောက်လုပ် ထားရှိမှု အခြေအနေများကို ကြည့်ရှုသည်။
အဆိုပါ ကွန်ကရစ်လမ်းမှာ အရှည် ပေ ၁၉၅၀ ၊ အကျယ် ပေ ၃၀ ၊ ထု ၉ လက်မရှိပြီး ကွန်ကရစ် လမ်း အမျိုးအစားဖြစ်ကာ နောင်တုံဆောက်လုပ်ရေးကုမ္ပဏီ မှ ငွေကျပ် ၅၅၈၉ သိန်းကျော်ဖြင့် ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်