(၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ပိုစတာကြီးများ စိုက်ထူထားပြီး တပ်မတော်ပန်းခြံများတွင် မီးအလှများ၊ ပန်းအလှများဖြင့် အလှဆင်

 

နေပြည်တော်  မတ်   ၂၈


၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အား  ဂုဏ်ပြုသော အားဖြင့်   နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ   ဘောဂသီရိ အဝေးပြေး      ကားကွင်းအနီးရှိ မီးပွိုင့်လမ်းဆုံတွင် လည်းကောင်း၊ နေပြည်တော်  တိုင်းစစ်ဌာနချုပ် အနီး   မီးပွိုင့်လမ်းဆုံတွင်လည်းကောင်း၊ အမှတ်(၃)စစ်ကြောရေး နှင့်      တည်းခိုရေးစခန်းအနီး လမ်းဆုံတွင်      လည်းကောင်း၊ ပင်လောင်း     မီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌      လည်းကောင်း မျိုးချစ်စိတ်ဓာတ်  ရှင်သန်ထက် မြက်ပြီး   ဇာတိသွေး၊  ဇာတိမာန် တက်ကြွစေမည့်    တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို   ဖော်ကျူး ထားသော    ပိုစတာကြီးများကို စိုက်ထူထားရှိသည်။

 


အလားတူ      ပင်လောင်း လမ်းဆုံမှ     စစ်ရေးပြကွင်းကြီး သို့                သွားရောက်သည့် လမ်းတစ်လျှောက်တွင်   လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် စိုက်ထူထားပြီး    စစ်ရေးပြကွင်း အဝင်ဝရှိ     မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ    တွေ့မြင်နိုင် သည်။   စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ     စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာ နိုင်ငံတို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်ထုကြီး များကိုလည်းကောင်း၊    (၇၈)  နှစ်မြောက်       တပ်မတော်နေ့ တံဆိပ်ကြီးကို   လည်းကောင်း၊ ပန်းအလှများဖြင့် ခြယ်သထားပြီး စစ်ရေးပြ  ကွင်းကြီးအတွင်းတွင် လည်း        ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ် ရေးတပ်မတော်အလံ၊ တပ်မတော်  (ကြည်း၊   ရေ၊  လေ) အလံများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံး    အလံများ၊  တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်     အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ ၏     ရောင်စုံအလံများကိုလည်း လွှင့်ထူထားသည့်အပြင်  မီးထွန်း ညှိထားသည့်    တပ်မတော်နေ့   မီးရှူးတိုင်ကိုလည်း       ခမ်းနား ထည်ဝါစွာ တွေ့မြင်နိုင်သည်။

 


ထို့အပြင် ၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက်  တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့်  နေပြည် တော်    စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံတွင်လည်း  မီး အလှများဖြင့်   ဖန်တီးပုံဖော်ထား သည့်       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် (၇၈) နှစ်မြောက်      တပ်မတော်နေ့ အထိမ်းအမှတ်တံဆိပ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် အသုံးပြုသည့်    ယာဉ်ယန္တရား ပုံစံငယ်များ၊   ရေယာဉ်ပုံစံငယ် များ၊     လေယာဉ်ပုံစံငယ်များ၊ ရဟတ်ယာဉ်      ပုံစံငယ်များနှင့် လက်နက်ပုံစံတူများကို ပြသထား သည်။ ပန်းခြံအတွင်း ဖိုင်ဘာဖြင့် ပြုလုပ်ထားသည် စစ်သည်ရုပ်တု ငယ်များ၊  ပုံဖော်ထားသည့်  ပန်း အလှများ၊       သစ်ပင်များတွင် တပ်ဆင်ထားသည့် မီးရောင်စုံများ၊ မီးရောင်စုံများဖြင့် ပြုလုပ်ထားရှိ ရာ       လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့်   အထူး စည်ကားလျက်ရှိသည်။

 


ထို့ပြင်    (၇၈)  နှစ်မြောက် တပ်မတော်နေ့အား  ဂုဏ်ပြုသော အားဖြင့်      တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌လည်း    မီးရောင်စုံ များ၊ မီးအလှများဖြင့် ထွန်းညှိ၍ ဂုဏ်ပြုအလှဆင်မှုများ   ပြုလုပ် ထားလျက်ရှိရာ   အဆိုပါနေရာ များသို့    လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့်   အထူး စည်းကားလျက်ရှိကြောင်း သတင်း ရရှိသည်။                

 

သတင်းစဉ်