(၇၈) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

 

နေပြည်တော်   မတ်    ၂၁


(၇၈)   နှစ်မြောက်  တပ်မတော်နေ့ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲကွပ်ကဲမှုအဖွဲ့၊    လောက်ကိုင် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကိုဦး ဦးစီး၍ အရာရှိ၊ တပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ သည် ယနေ့နံနက်ပိုင်းက လောက်ကိုင်မြို့ အမှတ် (၁၄)  ခုတင် (၁၀၀)  တပ်မတော်စစ်ဆေးရုံ၌  စုပေါင်းသွေး လှူဒါန်းကြရာ ဗိုလ်မှူးလှမြင့်သိန်း (ရောဂါဗေဒပါရဂူ) က ရဲတပ်ဖွဲ့ဝင် များကို သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။

 


အဆိုပါသွေးလှူဒါန်းသည့်  ရဲတပ်ဖွဲ့ဝင်များကို  ဗိုလ်မှူး လှမြင့် သိန်းက အားဖြည့်ဓာတ်စာများ ပြန်လည်ပေးအပ်လှူဒါန်းကြောင်း သိရသည်။                        

ရဲပြန်ကြား